ဖွင့်တော့ ဖွင့်တယ် ဒါပေမယ့် မဖွင့်ဘူးဆိုတဲ့ တရုတ်နယ်စပ်ဂိတ်နဲ့ တိုင်ပတ်နေတဲ့ မြန်မာ့ကုန်သည်များ

ကချင်ပြည်နယ်ထဲက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်ဖို့ ၂ နိုင်ငံ သဘောတူညီမှုတွေ ရရှိထားပေမယ့် တရုတ်ဘက်က ဂိတ်ဖွင့်ပေးဖို့ ပြန်လည်ဆိုင်းငံ့ထားတဲ့အတွက် နယ်စပ်ရောက် မြန်မာကုန်စိမ်းကားတွေ အခက်ကြုံနေရတယ်လို့ သစ်သီးပွဲရုံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြန်မာဖက်က ကုန်စိမ်းတွေ ပို့ပေးပြီး ဟိုဖက်က လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ပစ္စည်းနဲ့ စက်ပစ္စည်းတွေ သွင်းပေးမယ်လို့ သဘောတူညီထားကြောင်း၊ အဲဒါကြောင့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ် ပေးမယ်လို့ ဆိုတာကြောင့် လဆန်းပိုင်းကတည်းက မြန်မာဖက်မှာ ကုန်စိမ်းကားတွေ စောင့်နေကြောင်း၊ အခုတော့ တရုတ်ဖက်က ပြန်လည်ဆိုင်းငံ့လိုက်လို့ အခက်ကြုံနေရကြောင်း လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ကိုဗစ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ ကချင်ပြည်နယ်ထဲက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ ကန်ပိုက်တီး ၊ ပန်ဝါ ၊ လွယ်ကျယ် ဂိတ်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကစလို့ ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပျက်စီးလွယ်တဲ့ ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်စိမ်းကားတွေနဲ့ လုပ်ငန်းရှင်တွေဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်တာနဲ့ အသင့်ဖြတ်သန်း ဝင်ရောက်ခွင့်ရဖို့အတွက် အခုလ ၅ ရက်ကစလို့ နယ်စပ်ဂိတ်တွေနားမှာ ကုန်စည်နဲ့အတူ ကားတွေ နေရာယူခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကုန်စိမ်းကားတွေထဲမှာ တစ်သျှုး ငှက်ပျောကားနဲ့ အခြား ကုန်စိမ်းကားတွေ အဓိကပါဝင်ပြီး ယနေ့အထိ ​​ဖြတ်သန်းဝင်ရောက်ခွင့် မရသေးတာကြောင့် စောင့်ဆိုင်းနေရတာ ၁၀ ရက်ကျော်နေပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page