ယိုးဒယား ဖက်ကဖောင်း ထမင်းပေါင်း ပြုလုပ်နည်း (လွယ်ကူ ရိုးရှင်းပါတယ်)

ယိုးဒယား ဖက်ကဖောင်း ထမင်းပေါင်း ပြုလုပ်နည်းလေးပါ။

ပါဝင်ပစ္စည်းများကတော့..

၁။ ဝက်သား (တောက်တောက်စင်းထားပါ)

၂။ ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ)

၃။ ငရုတ်သီးတောင့်နီ (လှီးဖြတ်ထားပါ)

၄။ ပဲတောင့်ရှည် (ခပ်သေးသေးလှီးထားပါ)

၅။ ပဲငံပြာရည်အပျစ်/ခရုဆီ/ဆား/ဟင်းချိုမှုန့်

၆။ ဆီ ၊ ငရုတ်ကောင်းမှုန့် ၊ ဖက်ကဖောင်းရွက်။

ကဲ စပြီးကြော်လှော်ကြရအောင်နော်.. ဆီအနည်းငယ်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ နဲ့ ငရုတ်သီးတောင့်နီတို့ကို ထည့်မွှေဆီသပ်ပါ.. ဝက်သားတွေ ထည့်မွှေပါ။ ရေလုံးဝမထည့်ရပါ။ ဆား/ဟင်းချိုမှုန့် ပဲငံပြာရည် ခရုဆီထည့်မွှေပါ။

နဂိုရေခမ်းပြီး ဆီထွက်လာရင် ပဲတောင့်ရှည်ထည့် ရေအနည်းငယ်ဖျန်းပေးပြီး မွှေကြော်ပါ။ ရေထည့်မများရပါဘူးနော်.. ပဲတောင့်ရှည်ကျက်စပြုလာရင် ငရုတ်ကောင်းမှုန့်ဖြူးထည့်မွှေပေးပြီး ဖက်ကဖောင်းရွက်ထည့်ပါ။ ရေအနည်းငယ်ထပ်ဖြန်းပေးပါ။ ဖက်ကဖောင်းရွက် နွမ်းသွားရင်ရပါပြီ။

ပြီးရင်တော့ထမင်းထဲမှာ ကြက်ဥကြော် ဖက်ကဖောင်းဟင်းလေးထည့် တွဲဖက်စားစရာ စွန်ထန်ဟင်းရည်ပူပူရယ် အချဉ်ရည်လေးနဲ့ရှယ်ပဲပေါ့နော်။ အချဉ်ရည်ကိုတော့ ယိုးဒယားပုဇွန်ငံပြာရည် ကြက်သွန်ဖြူ/ငရုတ်သီးစိမ်းနဲ့ ဖျော်ထားတာပါ။ ဝက်သားမစားရင် ကြက်သားနဲ့သုံးပါရှင့်။

Nang Myat K Tar

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page