ဘုရားမြွေဆိုတာ တကယ်ရှိသင့်သလား၊ ရပ်ကွက်ထဲက ဖမ်းမိတဲ့ မြွေတွေ ဘုရားပေါ်မှာ ထားသင့်သလား

အခု ပို့စ်က ဆန့်ကျင့်ရေး ပို့စ်ပါ အကုန်လုံးဝိုင်းပြီး ပါဝင်ကြဖို့ မျှော်လင့်ပါတယ်။ ဘာကို ဆန့်ကျင်မလဲဆိုရင် မြွေတွေကို ဘုရားမြွေတွေလုပ်နေတဲ့ အချက်ကို လုံးဝဆန့်ကျင့်ပါတယ်။ ဘုရားမြွေ အလုပ်ခံရဆုံး မြွေတွေက Burmese python နဲ့ Reticulated python တွေများပါတယ်။ မြန်မာအခေါ်အဝေါ်ဆိုရင်တော့ စပါးအုံးနဲ့စပါးကြီးပါ။ ဒီကောင်တွေက အဆိပ်လုံးဝမရှိပါဘူး ကိုယ်လုံးနဲ့သာ ညှစ်ပြီး သားကောင်တွေကို မြိုကြတဲ့မြွေတွေ ဖြစ်ပါတယ်။

Burmese python ဆိုရင် ကမ္ဘာမှာ တတိယအကြီးဆုံးမြွေလဲဖြစ်ပါတယ်။ မြွေတွေ ဘာလို့လူတွေနေတဲ့ နေရာတွေမှာ တွေ့လာကြတာလဲ? ဒါကမြွေတွေရဲ့ အပြစ်မဟုတ်ပါဘူး လူတွေရဲ့ အပြစ်သာ ဖြစ်ပါတယ် လူတွေက သူတို့ရဲ့အိမ်တွေကို ကျူးကျော်ပြီးအိမ်တွေ တိုက်တွေဆောက်လာတာတွေကြောင့် နေစရာမရှိလို့ လမ်းပေါ်တွေမှာ သွားလာနေကြတာလဲ ဖြစ်ပါတယ်။

အဲ့တာကို အခုလိုဘဲ မြွေက သူ့ဟာသူ သွားတာကို ဖမ်းပြီး ဘုရားပို့မယ်ဆိုတာကြီးကိုတော့ စဥ်းစားကြည့်ကြပါ ဖြစ်သင့် မဖြစ်သင့်။ အရင်က ဘုရားမြွေလုပ်တယ် ဆိုတာက ဘုရားပေါ်မြွေတက်လာလို့ ဘုရားလာဖူးတယ်တွေ ဘာတွေပြောပြီး ဘုရားမြွေလုပ်ကြတယ်။ အခုက သူ့ဟာသူ တခြားနေရာက မြွေကို ဘုရားပို့ပြီး ဘုရားမြွေလုပ်မယ်ဆိုတာကြီးကဘာကြီးလဲ?ဖြစ်သင့်လားမဖြစ်သင့်လားဆုံးဖြတ်ကြပါ။

အခုဖမ်းပြီး ပို့မယ်ဆိုဆဲ့အကောင်က burmese python ဖြစ်ပါတယ်။ burmese python တွေက ငယ်တုန်းမှာ သစ်ပင်ပေါ်တွေ နေတတ်ကြပြီး နည်းနည်းကြီးရင်တော့ သစ်ပင်ပေါ်မှာနေလို့မရတော့လို့ မြေကြီးတွေပေါ်မှာ နေကြပါတယ်။ အရမ်းကြီးတဲ့အရွယ်ရောက်ရင်လဲ သွားလာရတာ အဆင်ပြေအောင် ရေထဲမှာ ပြောင်းရွှေ့နေတတ် ကြပါတယ်။ တကောင်တည်း နေတတ်ကြတဲ့ အကောင်တွေလဲ ဖြစ်ကြပါသေးတယ်။

အကုန်လုံး ဘုရားမြွေတွေကို မြင်ဖူးကြတယ်မလား မြွေတွေကို ဘယ်လိုမြင်ကြလဲ အများအားဖြင့် မြွေတွေအကုန်လုံးက ငြိမ်နေကြတာကို မြင်ကြမှာပါ ဘာလို့ငြိမ်နေကြတယ်လို့ ထင်ကြလဲ ဘာလို့ငြိမ်တာလဲ တွေကောတွေးဖူးကြလား?

ပထမတစ်ချက်က သူတို့သဘာဝကို လုံးဝဆန့်ကျင်ပြီး ကျွေးမွေးတာတွေ ကြောင့်ပါဘဲ မြွေကအသားစားဖြစ်ပြီး ကျန်းမာဖို့အတွက် အဲ့တာတွေ စားဖို့လိုပါတယ်။ အခုဘုရားမြွေဆိုတဲ့ မြွေတွေကို ကြည့်ကြည့်ဘာတွေကျွေးလဲဆိုရင် ကြက်ဥ နွားနို့ ပေါက်ပေါက်ဆုပ်တွေ ကျွေးနေကြတာပါ။ တချို့ကောင်တွေက ဘာမှမစားရလို့ ကြက်ဥတွေစားကြတယ် တချို့ကောင်တွေက မစားကြလို့ဆိုပြီး ပါးစပ်ထဲ အတင်းထိုးထည့်ပြီး force feeding တွေ လုပ်ကြပါတယ်။

နောက်တစ်ချက်က မြွေတွေကို အကုန်စုပြီး ထားတာကြောင့်လဲဖြစ်ပါတယ် သူတို့သဘာဝက တစ်ကောင်တည်းတွေသာ နေတတ်ကြပြီး မိတ်လိုက်တဲ့အချိန်မှာ တွေ့ဆုံကြတဲ့ အကောင်တွေ ဖြစ်ပါတယ်။ အဲ့လိုအကုန်စုပြီးထားတာကြောင့်လဲ မြွေတွေ stress ဝင်ကြပါတယ်။

နောက်တစ်ချက်ကျ နေရာကျဥ်းကျဥ်းလေးနဲ့ ထားပြီး လူတွေဝိုင်းပြီး လိုက်ကြည့်နေတာတွေကြောင့်လဲ ကြောက်ပြီးs tress တွေဝင်ကြပါတယ်။ နောက်တစ်ချက်က တစ်ချို့နေရာတွေမှာဆို မြွေတွေကို ဘိန်းထိုးတာ ဆေးထိုးတာတွေလုပ်ပြီး ငြိမ်အောင် လုပ်ကြလေ့ရှိတယ်လို့လဲ ကြားဖူးပါတယ်။ အသားမစားရဘဲ ကြက်ဥတွေ နွားနို့တွေ အတင်းကျွေးတာတွေကြောင့် ဘုရားမြွေတွေ အကုန်လုံး ကျန်းမာရေးတွေ မကောင်းကြပါဘူး။

ဘုရားမြွေ လုပ်နေခြင်းက animal abuse ပါဘဲ မြွေတွေကို နိုပ်စက်ပြီး ပြစားပိုက်ဆံရှာနေကြတဲ့ အရာကြီးဖြစ်ပါတယ်။ ဒီလိုတွေလုပ်နေခြင်းကို ကျွန်တော်တို့က စပြီးဆန့်ကျင်ပါတယ်။ ရပ်ပေးဖို့ တောင်းဆိုပါတယ်။ အကုန်လုံးဘဲ ပူးပေါင်း ပါဝင်လာကြဖို့မျှော်လင့်ပါတယ်။ မြွေတွေကိုဖမ်းမိရင် တောထဲကိုဘဲ သွားလွှတ်ပေးကြပါ မနိုပ်စက်ကြပါနဲ့။

Responsible Animal Keeping

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page