မြန်မာ့ဖရဲ ကုန်သည်တွေရဲ့ မျှော်လင့်ချက် ပေါက်ဖော်တို့ကြောင့် မှေးမှိန်တော့မှာလား

ဖရဲသီးရာသီချိန်မှာ တရုတ်နိုင်ငံထဲက အလုံးအရင်းနဲ့တင်ပို့လေ့ရှိတဲ့ ပြည်တွင်းက ဖရဲကားတွေအနေနဲ့ အခုနှစ်မှာတော့ တင်ပို့ဖို့ ခက်ခဲနေပြီး (၁၀၅)မိုင် ဇုန်ထဲက ကားအချို့ ပြန်လှည့်လာရတော့မယ်လို့သိရပါတယ်။

တရုတ်ပြည်ထဲ တင်ပို့ဖို့ ရွှေလွယ်အင်းကုန်ချဂိတ်ထဲက ဖရဲကားအများစုကတော့ တင်ပို့ရောင်းချနိုင်ဖို့ စောင့်စားနေကြပြီး ကုန်သွယ်ရေးဇုန်ထဲက ကားတွေကတော့ ရက်ကြာလာတာနဲ့အမျှ အသီးအရည်အသွေးကျဆင်းလာတဲ့ ပြသနာနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုလိုဖြစ်ရတာက တရုတ်နိုင်ငံက အကောက်ခွန်စနစ်အပြောင်းအလဲကြောင့်ဖြစ်ပြီး ကိုဗစ်ကြောင့်ပိတ်ထားတဲ့ကုန်သွယ်ရေးအခြေအနေကို ပိုမိုဆိုးဝါးသွားစေတယ်လို့ သိရပါတယ်။

ဖရဲကားအစီးနှစ်ဆယ်ကျော်လောက်ကတော့ တရုတ်ဖက်ကိုရောက်ရှိနေပြီး အကောက်ခွန်ကိစ္စ ကြောင့် ကြန့်ကြာမှုတွေရှိနေပြီး အသီးအရည်အသွေးအတွက်ကုန်သည်‌ တွေဖက်က စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် တရုတ်နိုင်ငံက ကုန်သွယ်ရေး နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ပြီး ယခုအချိန်မှာ စမ်းသပ် ဖွင့်လှစ်နေတာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page