ဆယ်သိန်း ပေးရင် Q ဝင်စရာမလိုတဲ့ မြန်မာ့ကိုဗစ်ထိန်းချုပ်ရေးနဲ့ ပေါင်းစား ရိုက်စား ခွင်များ
တလောလေးက ညီလေးတယောက် စင်ကာပူက ပြန်လာတယ်။ မင်းအခုဘယ်မှာလဲဆိုတော့ ကွာရန်တင်းဝင်နေတယ် ခုတော့၁၉လမ်းမှာဘီယာသောက်နေတယ်တဲ့ ဟယ် ဘယ်လိုကြီးတုန်း မင်း ကွာရန်တင်းကဆိုတော့ ဒင်းက ဖြစ်ကြောင်းကုန်စင်ရှင်းပြတယ်
လေဆိပ်ရောက်တော့ သူတို့ကိုဟောခန်းကြီးတခုထဲမှာထားတယ်တဲ့ ထိုင်စောင့်နေတုန်း လူတချို့ကိုလက်တို့ပြီးခေါ်သွားသတဲ့ နောက်မှသိရတာက Q ဝင်စရာမလိုဘဲ ပြန်ချင်ရင်ငွေပေးလို့ရတယ် ၁၀သိန်းလောက်ပေးရတယ်ဆိုပဲ မြတ်စွာဘုရား….မကြားဖူး မကြုံဖူးသောအရာတွေ…
Q ဝင်ဖို့အတွက် ရွေးစရာ ၃ခုပေးတယ် ဘုန်းကြီးကျောင်းနေမလား 3stars မှာနေမလား 5stars မှာနေမလားဆိုပြီး ရွေးခိုင်းသတဲ့ ဒင်းက 3stars XXX hotel ကို ရွေးလိုက်တယ် တရက်၆သောင်းနဲ့ ၈ရက်စာတခါထဲရှင်းရသတဲ့ ( 5 stars hotel တွေက တရက်ကို ဒေါ်လာ၇၀ နဲ့ တဒေါ်လာ ၂၀၀၀ကျပ်နဲ့ဈေးဖြတ်သတဲ့ )
Hotel မှာ ၃ရက်နေတော့ ဆေးစစ်ရတယ် တသိန်းခွဲနဲ့စစ်ရင် ချက်ချင်းရမယ် တသောင်းနဲ့စစ်ရင် သုံးလေးရက်ကြာမယ် ၆ရက်မြောက်နေ့မှာ ဒုတိယအကြိမ်ထပ်စစ်ရတယ် တသိန်းခွဲနဲ့စစ်ရတယ် ပိုးမရှိရင် ချက်ချင်းပြန်ရတယ် ( ကျန်ခဲ့တဲ့ ၂ရက်စာပိုက်ဆံပြန်မရပါ နေချင်ရင်ဆက်နေတဲ့ )
ခက်တာက Q ဝင်နေပါတယ်ဆိုတဲ့လူတွေက အပြင်ကို ထွက်ချင်တိုင်းထွက်လို့ရသတဲ့ သူ့ဘေးခန်းက ကောင်းလေးတယောက်ဆို ၂ရက်လောက်ပြန်မလာဘူးတဲ့…. Q ဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်က ပြန်လာတဲ့လူမှာ ပိုးရှိတယ်ဆိုရင် ကိုယ့်နိုင်ငံထဲက ပြည်သူတွေကိုမကူးအောင်လို့ သီးခြားခွဲထားပြီး စစ်ဆေးတဲ့သဘော…. ( Q စင်တာဆိုတာ ပိုးရှိလူနာ/သံသယရှိလူနာ/ စောင်ကြည့်လူနာနဲ့ သက်ဆိုင်သူတွေပဲနေရတဲ့နေရာမျိုး)
တချို့ကလည်း hotel ကလူတွေနဲ့ညှိပြီး ထွက်ချင်တိုင်းထွက် ဝင်ချင်တိုင်းဝင်နေကြသတဲ့ တချို့ဆို မြို့ထဲကသူငယ်ချင်းတွေတိုးတိုးတိတ်တိတ်လာပြီး ဘီယာတွေဘာတွေသောက်နေကြသတဲ့ hotel မှာ အချိန်ပိုင်း section နဲ့ လာကြတဲ့အတွဲတွေလည်း အများကြီးပဲတဲ့ လာကြတဲ့လူတွေနဲ့ Qဝင်နေတဲ့လူတွေနဲ့က ဘာ mask မှ မပါ ဘယ်နှစ်ပေမှမကွာဘဲ ဓာတ်လှေကားအတူတူစီးနေကြတာပဲတဲ့
ပိုက်ဆံပေးပြီးတာနဲ့ အထဲရောက်သွားတာနဲ့ Q ဝင်နေတဲ့လူ/ လာတည်းတဲ့လူ ဘယ်သူမှမသိတော့ဘူးတဲ့ အော်….ကောင်းလိုက်တဲ့စီမံခန့်ခွဲပုံပါလားဟဲ့ နိုင်ငံခြားကပြန်လာတဲ့လူတွေ ပိုက်ဆံဆယ်သိန်း၁၅သိန်းအပိုကုန် ပြီးတော့ ထိရောက်လားဆိုတော့ ဘာမှမထိရောက် စစ်တပ်နဲ့ဟိုတယ်တွေနဲ့ ညှိပြီးလုပ်စားကြတဲ့သဘော ( ဒါတွေသိလို့ တချို့ကလေဆိပ်မှာထဲက ဆယ်သိန်းပေးပြီး အိမ်တန်းပြန်ကြသတဲ့)
ဒါလေးတွေကြားတော့ ပြုံးမိတယ် ကိုဗစ် first wave / second wave တုန်းက ရပ်ကွက်တွေထဲ အဝင်အထွက်တွေပိတ်ဆို့ ဝင်သမျှလူတွေကို နှာခေါင်းစည်းစစ်/ လက်တွေကိုဆေးဖြန်း အပြင်ထွက်ခွင့်ကဒ်တွေလုပ် တအိမ်မှာ positive တွေ့တယ်ဆို အဲဒီအိမ်/အဲဒီလမ်းကိုပိတ် ( နေရာစုံလိုက်ပိတ်လွန်းလို့ စိတ်တောင်ညစ်ရတဲ့အဖြစ်)
Q စင်တာတွေမှာ ရှိတဲ့ဘက်ဂျက်နဲ့ ရအောင်လုပ် (ဒါတောင် အဲကွန်းမပါလို့ ဟင်းမကောင်းလို့ စောင်ထွန့်တက်တဲ့လူတွေ ရှိသေးလားသိချင်သေးတယ်) အလှူရှင်တွေကလည်း အင်တိုက်အားတိုက်လှူ ဗော်လံဒီယာတွေကလည်း တက်တက်ကြွကြွပါဝင် ပြည်သူတွေကလည်း တက်ညီလက်ညီပဲ… ခုတော့ ဒါတွေအားလုံး အလဟဿပေါ့ကွယ်
ဒါနဲ့ ကိုဗစ်စတွေ့တုန်းက လေဆိပ်တွေကို lock down မချရကောင်းလားလို့ ဖဘ ပေါ် တက်တက်ပြီးကြွယ်ပြတဲ့လူတွေ အခု…လေယာဉ်နဲ့ အိုမီခရွန်တွေပါလာတော့ ဘာသံမှမထွက်တော့ဘဲ ဘုရားတရားစာတွေတင်နေကြပါလား…
Min Yel Kyaw Swar