ပထမကြီးတန်းမှာ မြန်မာတပြည်လုံး ပထမရတဲ့ နိုင်ငံခြားသူ သီလရှင်လေးရဲ့ အမြင် (အတုယူ သင့်ပါတယ်)
မြန်မာတနိုင်ငံလုံး ပထမကြီးတန်းတွင် ပထမဆုရရှိသော (နိုင်ငံရပ်ခြားလူမျိုး) သီလရှင်ဆရာလေး ဒေါ် မနာပိကာ (၃၁’) နှစ်၏ မြန်မာနိုင်ငံပေါ်အမြင်၊ မြန်မာတွေ အတုယူသင့်ပါတယ်။
မြန်မာပြည်မှာမွေးတယ် ဆိုကတည်းက ကုသိုလ်ကံကောင်းပါတယ် ပတိရူပ ဖြစ်ပါတယ် မြန်မာတွေက မွေးကတည်းက ဗုဒ္ဓယဉ်ကျေးမှုနဲ့ ထိတွေ့ရပါတယ်. ဒါ့ကြောင့်မြန်မာတွေ ကံကောင်းပါတယ်၊၊
ဆရာလေးတို့ ကိုးရီးယားမှာ ငါးပါးသီလတို့ ဘာတို့ရှိဖို့မလွယ်ပါဘူး သင်ပေးမဲ့ဆရာသမားတွေ လည်းမရှိကြပါဘူး၊၊
ဒါပေမယ့် မြန်မာတွေက အမေရိကန်ယဉ်ကျေးမှု၊ နိူင်ငံခြားယဉ်ကျေးမှုကို အထင်ကြီးကြတယ်၊၊ အဲဒါက စိတ်မကောင်းစရာပါ ကိုယ့်အနီးမှာ ဒီထက် အဆပေါင်းများစွာ ကောင်းတဲ့ယဉ်ကျေးမှုတွေ ရှိနေပါလျှက်နဲ့ အဲဒါကိုစိတ်မဝင်စားပဲ တခြားကိုစိတ်ဝင်စား အထင်ကြီးနေတာ စိတ်မကောင်းစရာပါ၊၊
မြန်မာတွေ ဗုဒ္ဓယဉ်ကျေးမှုကိုပိုပြီး တန်ဘိုးထားစေချင်တယ် ၊၊ တစ်ဘဝစာမဟုတ်ပဲ သံသရာတလျောက်လုံး အတွက်အင်မတန် အကျိုးကျေးဇူးများတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို အသိတရားရော အကျင့်တရားပါ မြန်မာလူမျိုးအားလုံး ထိုက်သင့်သလောက် အားထုတ်စေချင်ပါတယ် ၊၊