ပန်းမဝယ်တဲ့ သူတွေကို ဆဲဆို ရိုင်းပျတဲ့ ဝေဇယန္တာမီးပွိုင့်က မိမဆုံးမ ဖမဆုံးမ ပန်းသည်

ကားသမားများ ဂရုစိုက်ဖို့ပါ။ ဝေဇယန္တာ နဲ့ လေးထောင့်ကန် မီးပွိုင့်လမ်းဆုံမှာ တက်စီမှန်ကို ခေါက်ပြီး ပန်းရောင်းတယ်။

ပထမတခါခေါက်ချိန် ကားဆရာကြီးက ဘာမှမတုန့်ပြန်တော့ ခပ်ကြမ်းကြမ်း ထပ်ခေါက်တယ်။

အဲ့မှာ ကားဆရာကြီးက မဝယ်ကြောင်း လက်ခါပြလိုက်တော့ လက်လာခါမပြနဲ့ ပါးစပ် မပါဘူးလား စကားမပြောတတ်ဖူးလား လက်တွေခြေတွေနဲ့ လာမပြောနဲ့ ဆိုပြီး ဆဲသွားတယ်။

ကားဆရာကြီးက တံခါးဖွင့်ပြီးသူ့ကို ဟေ့ကောင် မင်းဘာပြောတာလဲ မေးတော့ မကြားချင်ယောင်ဆောင်နေလို့ နောက်ထပ် သူ့နားရှိနေတဲ့ ကလေးလေးက မင်းကို ခေါ်နေတယ်လို့ပြောတော့ အချိန်မရွေးပြန်လာခဲ့ ဒီပွိုင့်မှာရှိတယ်ဆိုပြီး စိန်ခေါ်တယ်။

အတော်ကို ပါးချည်းဆင်း chaျ ချင်စရာကောင်းလွန်းတယ်။ ကားဆရာကြီးမပြောနဲ့ နောက်ခန်းက ကိုယ်ပါ စိတ်တွေတိုတာ တအား။

မီးပွိုင့်မှာ လာသမျှကား မိုက်ကြေးခွဲနေတဲ့ပုံစံနဲ့ လုပ်နေတာပါ။ သည်းမခံနိုင်တဲ့ သူတယောက်ယောက်နဲ့ အမြန်တွေ့ပါစေ။ ပေါက်လွှတ်ပဲစားတွေက လူပါးဝချင်တိုင်းဝနေတာ။

Jet Jet

Leave a Reply

Your email address will not be published.

x

You cannot copy content of this page