ဆင်နားရွက်၊ ကြွက်နားရွက်နဲ့ လိပ်ပြာဖြတ်တောက်ခြင်း အရှုပ်တော်ပုံ (မသိသေးသူတွေ သိစေဖို့)

ဒီနေ့ခေတ်စားနေတဲ့ လိပ်ပြာဖြတ်ခြင်းဆိုတာ မရိုသေ့စကားပြောရရင် အယ်မတို့ ညယ်မတို့ရဲ့ စမူဆာအပြင်က တွဲကျနေတဲ့ အရေပြားဘက်လက်ကြီးကို ဖြတ်တာကိုပြောတာပါ။ ဆေးပညာအရဆိုရင်တော့ လာဘီယာပလပ်စတီ ဆာဂျရီ လို့ ခေါ်ပါတယ်။

ပြောရရင်တော့ ဆင်နားရွက်လို ဘက်လက်ကြီးဖြစ်နေတာမျိုးကို နားရွက်ခတ်လို့မရအောင် ညှပ်ချလိုက်တာပါ။ ကိုယ့်ပစ္စည်းကိုယ် ဖြတ်ဖြတ် ချုပ်ချုပ်ပြဿနာမရှိပေမယ့် ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ပဲ ပြုလုပ်ကြပါ။ ခွဲစိတ်ပညာအရ အရည်အချင်းမီတယ်လို့ သတ်မှတ်ထားတဲ့ ခွဲစိတ်ဆရာဝန်တွေနဲ့ပဲပြုလုပ်ကြပါနော်။

ရပ်ကွက်ထဲမှာတော့ နီးစပ်ရာအမျိုးသမီးတွေစုပြီး တိုးတိုးတိတ်တိတ်သွားပြင်ကြတဲ့နေရာတွေရှိပါတယ်။ ဥပမာ သား-ိမ်ထဲကလေထုတ်တာတို့ သား-ိမ်ပြင်တာတို့ အနီရောင်ရဲရဲလေးဖြစ်အောင်ပြန်ပြီး ကာလာသွင်းတာတို့ ယောက်ျားတွေမရိုးသွားအောင် တိုးတိုးတိတ်တိတ်သွားလုပ်နေကြတာတွေရှိပါတယ်။

လက်ကြိတ်ထိုးလုပ်ကြတာဖြစ်တဲ့အတွက် တခုခုဖြစ်လာတဲ့အခါ ဘာတာဝန်ယူမှုမှ ရှိမှာမဟုတ်ပါဘူး။ အအိုဆိုပေမယ့် အအိုတွေ လုပ်ကိုလုပ်ရမယ့် လေ့ကျင့်ခန်းမျိုးတွေ ယူကျူ့မှာ အများကြီးရှိပါတယ်ခင်ဗျာ။ ဥပမာ ကီဂယ် Exercises ဆိုပြီး ရှာပါ လေ့ကျင့်ကြည့်ပါ။

ကိုယ့်မှာရှားရှားပါးပါး တခုထဲပါတဲ့ဟာကို တန်ဖိုးထားစေချင်ပါတယ်နော် ရမ်းကုတွေလက်ထဲ ဖြဲပြီးမအပ်လိုက်ပါနဲ့ ခေတ်မကောင်းရတဲ့အထဲ ဆင်နားရွက်ပြဿနာကို ရေးရတာလည်း အားနာပါတယ်။ (Min Yel Kyaw Swar)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page