လေးဘက်နာကြောင့် လမ်းမလျှောက်နိုင်လို့ ငွေကို မလို ဝှီးချဲကိုပဲ အလိုရှိတဲ့ အဖွား

ပိုက်ဆံ မပေးပါနဲ့… ဝှီးချဲရရင် အဖွား တောင်းစားပါ့မယ်

အဖွား အသက် (၆၂)နှစ်…မိသားစု မရှိပါ လေးဘက်နာ(ဂေါက်)ကြောင့် လမ်းမလျှောက်နိုင်တော့ဘူး ရပ်ကွက်ကနေ ကျူးလေး ဆောက်ပေးပြီ ကြည့်ရှူစောင့်ရှောက်ပေးထားပါတယ်

ဖင်လေး တရွတ်တိုက်ပြီ လိုက်တောင်းရပါတယ်…တောင်းတဲ့နေရာအနီးက ဆေးခန်းတခုမှ ကျနော့် ဖုန်းနံပါတ် ပေးလိုက်ပါတယ် အဖွားမှ ဖုန်းဆက်လာပါတယ်…

သား ကိုပူတူး လားဟင်…အဖွားက သန်လျင်ကပါ… အဖွားကို ပိုက်ဆံ မလှူပါနဲ့ သားရယ် အဖွားကို ဝှီးချဲလေးပဲ ပေးပါ…အဖွား ဘာသာ တောင်းစားပါ့မယ်

ဟုတ်ကဲ့ အဖွား…ကျနော် စာရင်းလေး မှတ်ထားပေးမယ်နော် ဒါနဲ့ အဖွားဆီ ရောက်အောင်သွားခဲ့ပါတယ် တကယ့်ကို စိတ်မကောင်းစရာပါ

ကျနော့်ရောက်တော့ အဖွားက ငိုရှာတယ်…သား တကယ် ရောက်လာတာပေါ့နော်…အဖွား အိမ်မက်မက်နေတာ မဟုတ်ပါဘူးနော် တကယ်ပေါ့ အဖွားရဲ့…သားရောက်ပြီလေနော် မငိုနဲ့တော့…အားမငယ်နဲ့တော့ အဖွား အဖွား တကယ် ဝှီးချဲလေးရပြီပေါ့နော်…စျေးထဲကလူတွေ လုပ်ပေးတဲ့ ဆိုင်းဘုတ်လေး ဖြုတ်လို့ရပြီပေါ့နော်

ဟုတ် အဖွား…ဖြုတ်လိုက်လို့ရပါပြီ သား ရောက်လာပြီလေနော် အဖွား တအား ဝမ်းသာလိုက်တာ သားရယ်…ဒါလေး ရှိရင် အဖွား ဖင်တရွတ်တိုက် သွားစရာမလိုတော့ဘူး အဖွား ဘာသာ တွန်းပြီ သွားလို့ရပြီ

အဖွား ဝှီးချဲလေး ရပြီဆို…အဖွား စားဖို့နှင့်ဆေးဖိုးလေး ထွက်တောင်းလို့ရပြီ ဟုတ် အဖွား….ရော့ ၅၀၀၀၀ နော် အဖွား ကျန်းမာရေးတွက် လိုအပ်တာတွေ ဝယ်နော်

အရမ်း ဝမ်းသာတယ်…အဖွား အိမ်မက် မက်နေသလိုပဲ…အဖွားဆီ သား တကယ်ရောက်လာတာပဲနော် တကယ်ပေါ့…ခု အဖွား အိမ်မက်မဟုတ်တော့ဘူး…အိမ်မက်တွေ တကယ်ဖြစ်လာပြီအဖွား

အဖွားကို ရိပ်သာသွားမလား မေးတော့…အဖွားက သူကိုယ်တိုင် ဘာမှ မလုပ်နိုင်တော့…အဖွားကြောင့် တခြားလူတွေ ဒုက္ခရောက်နေမှာဆိုးလို့ မသွားတာပါ သားရယ်…ဒီကလူတွေကတော့ အဖွားကို ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးတော့…အဖွား အဆင်ပြေပါတယ် သားရယ်

(ကျနော်နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ )

ဪ…အဖွားဆီ ကျနော်တကယ်လာမှန်းသိတော့…အဖွား ပျော်သွားပြီ ငိုတာလေးကြည့်ပြီ…ရင်ထဲ အတော် မကောင်းဘူး

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page