ပြည်သူ့အချစ်တော် နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ် အချုပ်အနှောင်ကနေ ပြန်လွတ်လာပြီ
စကစက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံကျော်ဇာတ်မင်းသားတစ်ဦးဖြစ်သည့် မြို့ရွှေမန်းသားလေး ဖိုးချစ်သည် ပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော မိသားစုအသိုင်းအဝိုင်းမှ သိရပါတယ်။
ဖိုးချစ်သည် နိုဝင်ဘာလ (၃၀) ရက်က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခြင်း ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ က သက်ဆိုင်ရာမှ ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။
နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်နှင့် တေးရေး တေးဆို သျှန်ထွန်း – (မြန်မာစာ) တို့အား နိုဝင်ဘာလ(၃၀)ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သျှန်ထွန်း (မြန်မာစာ) နှင့် ညီမဖြစ်သူတို့ကို ဒီဇင်ဘာ (၁၁) ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ဇာတ်မင်းသားဖိုးချစ်အား ဆက်လက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
ဇာတ်မင်းသား ဖိုးချစ် အဖမ်းခံရမှုမှာ လူရွှင်တော် ဒိန်းဒေါင်က အဓိက ပါဝင်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
စကစက အာဏာသိမ်းပြီးကတည်းက ဇာတ်မင်းသား ဖိုးချစ်အား ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ပြီး ယခုတကြိမ်ကတော့ အကြာမြင့်ဆုံး ဖမ်းဆီး ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။