မင်္ဂလာဆောင်မယ့် ပိုက်ဆံတွေ အားလုံး တက္ကစီပေါ် ပါသွားတဲ့ အဖြစ် (နံပါတ်သိရင် ပြောပေးကြပါဦး)

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အကူအညီတောင်းတဲ့ ပို့စ်တခုကတော့ တက္ကစီကားပေါ်မှာ ပိုက်ဆံပါသွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်လက်ဖော်ပြ လိုက်ပါတယ်။

ကားဆရာ ညီအကို အစ်မများရှိရင် အကြံလေးတောင်းချင်လို့ပါ။ မနေ့ (၇-၆-၂၀၂၂ ရက်နေ့) ညနေ ၆ နာရီ လောက်က ကျွန်တော့်ကောင်မလေး ရန်ကင်းမိုးကောင်းဘုရားနားကနေ ပြည်လမ်းနဲ့အလုံမီးပွိုင့်နားက သူ့အလုပ်ဖြစ်တဲ့ Club Pioneer Ygn ကို taxi ကား စီးသွားတာ ကားပေါ် ပိုက်ဆံ ၅ သိန်းကျော် ပါသွားလို့ပါ။

အဲဒါ ဘယ်လို ပြန်လိုက်လို့ရလဲဗျ သိတဲ့သူများ ကူညီပီး ပြောပြပေးပါ ကျွန်တော်တို့နှစ်ဦး ဒီလာမယ့် ၂၅ ရက်နေ့မှာ မင်္ဂလာဆောင်မယ့် ပိုက်ဆံလေးမို့ပါ။

ဘာလုပ်ရမလဲ မသိလို့ပါ စိတ်ဓာတ်တွေပါ ကျနေလို့ပါ ကူညီပေးကျပါဦး ကားနံပါတ်ကို ရှေ့တည့်တည့်ကနေ မမြင်ရဘူး။ စီစီတီဗီက အဝင်ဝဘက်ပဲ လှည့်ထားတော့ ကားကဘေးပဲ ချရပ်ပေးသွားတော့ ပြန်မှ ရနိုင်ပါ့ဦးမလား မသိတော့ပါဘူး။

စာဖတ်သူများ အနေနဲ့လည်း အထက်ပါ နံပါတ်ကို သိရှိပါက ဆက်သွယ်အကြောင်းကြား ပေးကြပါလို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page