မြန်မာပြည်မှာ ဂျင်းထည့်လို့ အကောင်းဆုံး လူသုံး ပစ္စည်း (၂) ခု (ဂျင်းနိုင်ငံတော်ကြီး ဖြစ်နေပါပြီ)
မြန်မာပြည်မှာ ဂျင်းထည့်လို့ကောင်းတာ ကော့စမတ်တစ်အလှကုန် နဲ့ နာရီပဲ၊ တခြားဂျင်းထည့်လို့ကောင်းတာတွေတော့ ရှိဦးမှာပေါ့လေ၊ ကိုယ်လည်း ကိုယ်သိတာလေး ပြောပြတာ။
ဥပမာဆိုကြပါစို့ မင်းက မြန်မာပြည်မှာ လူသိများတယ်၊ ငွေကြေးတတ်နိုင်တယ်ဆိုရင် တရုပ်ပြည်ကိုသွား၊ အဲ့ဒီမှာ ကော့စမတ်တစ် အလှကုန် စက်ရုံကြီးတွေ အများကြီးရှိတယ်။ မင်းအနေနဲ့ မြန်မာပြည်မှာ မိတ်ကပ်၊ ဆီရမ်၊ အက်ဆန့်၊ နှုတ်ခမ်းနီ၊ နေရောင်ခံလိမ်းဆေး၊ မျက်နှာအုပ်တဲ့ မတ်စ် ဘယ်ပစ္စည်းပေါက်နိင်လဲ ဆိုတာလောက်တော့ စဉ်းစားသွားပေါ့လေ။
ပြီးတာနဲ့ မြန်မာပြည်မှာ ပေါက်နိုင်တဲ့ ပစ္စည်းတစ်ခုခုကို မင်းကြိုက်တဲ့ ဘူးပုံစံ၊ မင်းကြိုက်တဲ့နာမည်၊ မင်းကြိုက်တဲ့ Packaging နဲ့ မှာခဲ့လိုက်။ ဒီနိုင်ငံကိုရောက်လာရင် မင်းအနေနဲ့ Iconic Chemistry တွေ၊ Formula တွေ တစ်လုံးမှမသိ၊ စက်ဆိုလို့ ခဲတံချွန်စက်တောင် မရှိလည်း မင်းနာမည်နဲ့ Cosmetics Brand ကြီး ရပြီ။ ဟဲဟဲ။ လွယ်သလား ခက်သလား ရာမ။
ဒီလိုနဲ့ ဒိုင်းဒိုင်းနှုတ်ခမ်းနီ တို့ ကြည်ကြည်ထင်ပေါ် အလှကုန် တို့ ဘာလဲ Cosmetics တို့ ဖြစ်လာတာပဲ။ အဲ့လိုပြောလို့ ဟိုဘက်စက်ရုံက ထုတ်တဲ့ ပစ္စည်းတွေက အမျိုးအစား ညံ့တယ် မပြောပါဘူး။ သူတို့လည်း ကုမ္ပဏီ အသေးလေးတွေဆီက အမျိုးအစားကောင်းတဲ့ ပစ္စည်းဆို Formula က အစ ပြန်ဝယ်ပြီး ဒီပစ္စည်း တစ်မျိုးတည်းကိုပဲ နိုင်ငံပေါင်းစုံကို နာမည်ပေါင်းစုံ၊ ဘူး၊ packaging နဲ့ပေါင်းစုံနဲ့ ရောင်းနေကြတာ။
ဒီလိုပဲ နာရီဆိုလည်း တရုပ် ကုမ္ပဏီကြီးတွေကနေ အလုံးရေ တစ်သောင်းလောက်မှာရင် ကြိုက်တဲ့ Design, ကြိုက်တဲ့နာမည်, ကြိုက်တဲ့ Packaging နဲ့ ဒီကို ရောက်လာတာပဲ။ ဘာနာမည်နဲ့ လိုချင်လဲ MD လား၊ GM လား၊ AGM လား အစုံရနေတာရယ်။ ဒါကိုမှ ဒီနိုင်ငံကလူတွေက ငါက ဘာ Brand တွေ ပတ်နေတာ ဘာညာဆိုတော့ ရီချင်နေတာ။ ဒါပေမယ့် မရီပါဘူး အောင့်ထားတယ်။ ဟီးဟီး။ (မူရင်းရေးသားသူအား လေးစားမှုဖြင့်)