ရန်ကုန်နဲ့ ၇၂ မိုင်အကွာမှာ ငလျင်လှုပ် (လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က ပဲခူးငလျင်ကြီးလို ထပ်လှုပ်ဦးမှာလား)

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်သွားတယ်လို့ နိုင်ငံတကာငလျင်စောင့်ကြည့်ရေးအဖွဲ့များထံမှ သိရှိရပါတယ်။

ဇွန်လ ၅ ရက်နေ့ နံနက် ၀၀ နာရီ ၀၃ မိနစ်အချိန်တွင် မြေငလျင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး အနက် ၁၀ ကီလိုမီတာ အတွင်းလှုပ်ခတ်ခြင်းဖြစ်ကြောင်း၊ ငလျင်ကြောင့် ပျက်စီးမှုမရှိနိုင်သော်လည်း မြန်မာပြည်သူများ သိသိသာသာခံစားရမည်ဖြစ်ကြောင်း မြေငလျင်သတင်းထုတ်ပြန်ချက်များက ဆိုပါတယ်။

ရန်ကုန်၊ ဧရာ၀တီနှင့်ပဲခူး မြို့ခံများက ငလျင်ကို သိသိသာသာ ခံစားရပြီး မိနစ်ဝက်ခန့် ယိမ်းထိုးသွားတယ်လို့ ပြောပါတယ်။ “ဒီတစ်ခေါက်ငလျင်က ၁၂ နာရီ ၂ မိနစ်နဲ့ ၃ မိနစ်လောက်မှာ လှုပ်တာ။ နည်းနည်းကြာတယ်လို့ ခံစားရတယ်။ လူလည်း မူးသွားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့က တရုတ်နိုင်ငံမှာ လှုပ်ခတ်သွားတဲ့ အင်အား ၆.၁ အဆင့်ရှိ ငလျင်ရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ အင်အားအသင့်အတင့်ရှိ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်လျက် ရှိပါတယ်။

တရက်ကို အကြိမ် (၂၀) ဝန်းကျင်ခန့် ငလျင်အသေးစားများ လှုပ်ခတ်လျက်ရှိပြီး မိုးလေဝသဌာနအနေနဲ့ ထောက်လှမ်းမှု မပြုလုပ်နိုင်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာ အကြီးမားဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကတော့ ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး ဖြစ်ခဲ့ပြီး အင်အား ၇.၅ အထိ ရှိခဲ့ပါတယ်။

ယခု ၂၀၂၂ ခုနှစ်မှာတော့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၉၃ နှစ် ရှိခဲ့ပြီဖြစ်ပြီး ငလျင် နှစ်တရာ ထပ်ကျော့သံသရာ သီအိုရီအရ နှစ် ၁၀၀ မှာ တကြိမ် ငလျင်ကြီး ပြန်လှုပ်နိုင်ချေ ရှိသဖြင့် အထူးသတိထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ယနေ့ လှုပ်ခတ်သွားတဲ့ သာယာဝတီမြို့ဟာလည်း မြန်မာနိုင်ငံအောက်မှာ ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးပေါ်မှာ တည်ရှိတာကြောင့် စိုးရိမ်စရာ ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ ငလျင်နဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များကို ဆက်လက် ဖော်ပြ ပေးသွားပါမယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page