ကူးစက်မြန် အိုမာခရွန် ကိုဗစ်ပိုးကြောင့် တတိယလှိုင်း စတော့မယ့် အိန္ဒိယ (နီးတော့ နီးလာပါပြီ)

အိန္ဒိယမှာ ခရီးသွားရာဇဝင်မရှိတဲ့ အိုမာခရွန်သမားတွေ အခုရက်ပိုင်းအတွင်း အတွေ့များလာတာဟာ လာမယ့်ဇန်နဝါရီလထဲမှာ တတိယလှိုင်းဝင်မယ့် အရိပ်အယောင်လို့ ဆိုကြပါတယ်။

မနေ့က မွန်ဘိုင်းမြို့မှာတွေ့တဲ့ အိုမာခရွန် (၈) ယောက်ဟာ ခရီးသွားရာဇဝင်မရှိသူတွေပါ။ အခုအချိန်အထိ အိုမာခရွန်သမား (၈၇) ယောက်တရားဝင်တွေ့ထားပါတယ်။

အခုအချိန်မှာ နေ့စဉ်ကိုဗစ်တွေ့နှုန်းက ၁၀၀၀၀ အောက်မှာရှိပါတယ်။ ဒုတိယလှိုင်းဝင်စဉ်က နေ့စဉ် ၄၀၀,၀၀၀ ကျော်အထိ တက်ခဲ့ပါတယ်။

အရေးကြီးတာက အခုဒီတစ်ရက်နှစ်ရက်အတွင်းမှာကို ကိုဗစ်တွေ့နှုန်း ခုန်တက်နေတာပါ။ မွန်ဘိုင်းမြို့ရှိတဲ့ Maharashtra ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကနေ ကြာသပတေးနေ့အပြောင်းမှာ (၂၇) ရာနှုန်းခုန်တက်သွားပါတယ်။

ပြဿနာတစ်ခုက လူတွေက test လုပ်ဖို့ ငြင်းဆန်ကြတာပါ။ သူတို့က ဆေးနှစ်ခါထိုးပြီးပြီ။ ဖြစ်လည်းရောဂါလက္ခဏာပြင်းထန်မှာ မဟုတ်ဘူးလို့ ထင်နေကြတာပါ။

အိုမာခရွန်ဟာ ကိုဗစ်ကပ်ကနေရုန်းထွက်ဖို့ပြင်နေတဲ့ ကမ္ဘာ့နိုင်ငံအားလုံးအတွက်ခေါင်းကိုက်စရာပါ။ အကယ်လို့ကြိုတင်ပြင်ဆင်မှုလုပ်မထားရင် တတိယလှိုင်းကြီးကြီးဝင်နိုင်တယ်လို့ အိန္ဒိယဆေးပညာအစည်းအရုံး Indian Medical Association ကသတိပေးထားပါတယ်။

Richard Myo Thant
17-December-2021

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page