မြန်မာပြည်တွင် အိုမီခရွန်ပိုး ကူးစက်လူနာများ ထပ်မံတွေ့ရှိ၊ နိုင်ငံခြားမှ ပြန်လာသူများ ဖြစ်နေ
ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၇ ရက်တွင် သံသယဓာတ်ခွဲနမူနာ ၂၂ ခုအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁,၀၀၀)တို့တွင် ဆောင်ရွက်ခဲ့ရာမှ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူ ၁၂ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးမှာ ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ယူအေအီးနိုင်ငံမှ ရှစ်ဦး၊ မလေးရှားနိုင်ငံမှ သုံးဦးနှင့် အိန္ဒိယနိုင်ငံမှ တစ်ဦးတို့ ဖြစ်ပါတယ်။
အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများ၌ သီးသန့်ထားရှိကာ ကုသစောင့် ရှောက်လျက်ရှိပါတယ်။
ကူးစက်လူနာများနှင့်အတူ လေကြောင်းခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည်များအား အသွားအလာကန့် သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။