ခြေရာခံဖို့ ခက်ခဲတဲ့ ကိုဗစ်အိုမာခရွန် ကိုယ်ပျောက်ပိုးနောက်တခုကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ခြေရာခံရခက်တဲ့ ကိုယ်ပျောက်အိုမာခရွန်အသစ် တွေ့ရှိ။
သိပ္ပံပညာရှင်တွေဟာ အခြားဗီဇကွဲတွေကနေ PCR test နဲ့ခွဲခြားလို့မရတဲ့ (ထားဝယ်လေသံနဲ့ပြောရင် ခွဲလို့မထိတဲ့) ကိုယ်ပျောက်အိုမာခရွန် ဗားရှင်းအသစ်ကို တွေ့ရတယ်လို့ဆိုပါတယ်။
လက်ရှိမှာက ဓာတ်ခွဲခန်းထဲမှာ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက PCR test သုံးပြီးစစ်ပေးနေတာပါ။ အခုကိုယ်ပျောက်ဗီဇကွဲဟာ အခုအိုမာခရွန်လို့ စံထားပြီးပြောဆိုနေတဲ့ဟာထက် သန္ဓေကွဲနေရာအများကြီးတွေ့ရတယ်။
ဒါပေမယ့် ဓာတ်ခွဲခန်းထဲမှာ PCR test သုံးပြီး အိုမာခရွန်လို့ယူဆနိုင်မယ့် သီးခြားမျိုးဗီဇကွဲပြားမှုမတွေ့ရဘူးလို့ဆိုပါတယ်။
အခုဗီဇကွဲအသစ်ဟာ ကိုရိုနာဗိုင်းရပ်စ်မှန်း သုံးနေကျ test တွေနဲ့တော့သိနိုင်တယ်။ ပြီးတော့ မျိုးဗီဇကွဲမှုစမ်းသပ်မှုလုပ်ပြီး အိုမာခရွန်မှန်းတော့သိနိုင်ပါလိမ့်မယ်တဲ့။ (ကျနော်နားလည်သလို ပြောရရင် အခုကိုယ်ပျောက် အိုမာခရွန်ကို ပုံမှန် PCR test လုပ်ရင် ကိုဗစ်မှန်းတော့သိမယ် အိုမာခရွန်မှန်းမသိနိုင်ဘူး။ အိုမာခရွန်မှန်းသိချင်ရင် genomic testing တဆင့်ထပ်လုပ်မှသိမယ်။ အဲ့သဘော။)
သုသေသနပညာရှင်တွေအပြောအရ ဒီကိုယ်ပျောက်အိုမာခရွန်ဟာ အခုလူတွေသိနေပြီးတဲ့အော်ရီဂျနယ်အိုမာခရွန်လို ကူးစက်ပြန့်နှံ့မှုလွယ်မလားဆိုတာ ပြောဖို့စောပါသေးတယ်တဲ့။ တူချင်မှတူပါလိမ့်မယ်တဲ့။
အခုကိုယ်ပျောက်အိုမာခရွန်ရော အော်ရီဂျင်နယ်အိုမာခရွန်ရောဟာ B.1.1.529 lineage တွေပဲဖြစ်ကြပါတယ်။ အော်ရီဂျနယ်အိုမာခရွန်ကို BA.1 လို့ခေါ်ပြီး ကိုယ်ပျောက်အိုမာခရွန်ကို BA.2 လို့ခေါ်ပါသတဲ့။
အခု BA.1 နဲ့ BA.2 ဟာ မျိုးဗီဇအရအတော်ကွဲပြားတယ်လို့ University College London Genetic Institute မှ ပရော်ဖက်ဆာဖရန်ဆွာဘောလောက်ဇ်ကဆိုပါတယ်။
အခုကိုယ်ပျောက်အိုမာခရွန်အသစ်ကို တောင်အာဖရိက၊ ဩစတေးလျနဲ့ ကနေဒါတို့မှာတွေ့ခဲ့ပြီး ကမ္ဘာမှာဒီ့ထက်ပိုပြန့်နေလောက်ပြီလို့ထင်ပါတယ်တဲ့။ လက်ရှိမှာ (၇) ယောက်တွေ့ထားပြီး ယူကေနိုင်ငံမပါသေးပါတဲ့။
Richard Myo Thant
8-December-2021