စကစ လက်ထက် မြန်မာ့တက္ကသိုလ်တွေရဲ့ ကမ္ဘာ့အဆင့်များ ထွက်ပေါ်လာ (အောက်ဆုံးက ရေရင် ထိပ်ပါပဲ)
ရန်ကုန်၊ မန္တလေးနှင့် အခု ဆောက်နေတဲ့ နေပြည် တော်က တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္က သိုလ်များ စာရင်းမှာ ပါအောင် လုပ်မယ်လို့ စကစ ဥက္ကဌ မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
“ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နဲ့ နေပြည်တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များ ဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင်ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုပါတယ်” ဆိုပြီး နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်နယ် အကယ်ဒမီ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောလိုက်တာ ဖြစ်ပါတယ်။
စကစ ခေါင်းဆောင် လေကျယ်နေချိန်မှာပဲ မြန်မာ့တက္ကသိုလ်တွေရဲ့ တကယ့်ကမ္ဘာ့အဆင့်တွေ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ အောက်မှာ အပြည့်အစုံ ဖော်ပြလိုက်ပါတယ်-
စင်ကာပူက NUSဟာ အာရှမှာ နံပါတ်(1) ယနေ့ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်မှာ နံပါတ်(11)ချိတ်ပါတယ်။ ကဲ ဒါဆို ကျွန်တော်တို့ မြန်မာ့တက္ကသိုလ်တွေကရော အဆင့်ဘယ်လောက်တွေ ရှိပါလိမ့်…။
စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယု ငယ်စဉ်တုန်းက တက်ချင်လှပါတယ်ဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ ဟိုးတုန်းက အာရှမှာ ထိပ်တန်းတက္ကသိုလ်ကြီး ဖြစ်ခဲ့ပေမယ့် ယနေ့ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ချက်မှာ (6548) တဲ့ဗျား။
၁၉၈၈ မတိုင်ခင်က အာရှမှာ ထိပ်တန်းအဆင့်ရှိခဲ့တဲ့ RIT ခေါ် ယနေ့ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)ရဲ့ ယနေ့အဆင့်ကတော့ (20370) တဲ့ ခင်ဗျ။ သူ့နောက်မှာ အခြားမြန်မာ့တက္ကသိုလ်များစွာ တန်းစီနေပြီး နောက်ဆုံးနားမှာ ကိုယ့်မြန်မာ့ တက္ကသိုလ်တွေရောက်နေပြီဆိုတာ ကိုယ်တိုင်သာ ဝင်လေ့လာကြည့်ကြပါတော့…။ မြန်မာ့ပညာရေးကဏ္ဍ ရင်လေးစရာဖြစ်ကြောင်းပါ။ (Kyaw Kyaw)
မြန်မာ့ပညာရေး စနစ်ဟာ စကစ လက်အောက်မှာ အခြေခံပညာရေးသာမကဘဲ အဆင့်မြင့် ပညာရေးဖြစ်တဲ့တက္ကသိုလ် ပညာရေးပါ ရေစုန်မျောသွားပြီ ဖြစ်ကြောင်း သက်သေခံနေတဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။