အဝေးပြေး ရထားလက်မှတ်ဈေးနှုန်းတွေ အကုန်တက်မည် (မတက်တဲ့ဟာ ဘာရှိသေးလဲ)

လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးရထားလက်မှတ်ခတွေရဲ့ ဈေးနှုန်းတွေ တိုးမြှင့်ဖို့ရှိတယ်လို့ ရန်ကုန်ဘူတာကြီးက ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောပါတယ်။

လတ်တလောမှာ အဝေးပြေးရထားလက်မှတ်ခနှုန်းထားတွေ ကိုသာ တိုးမြှင့်ဖို့ရှိနေပြီး မြို့ပတ်ရထားလက်မှတ်ခ နှုန်းထားတွေကိုတော့ တိုးမြှင့်မှာမဟုတ်သေးဘူးလို့ ဆိုပါတယ်။ တိုးမြှင့်ဖို့ရှိနေတဲ့ အဝေးပြေးရထားလက်မှတ်ခတွေရဲ့ ဈေးနှုန်းနဲ့ စတင်တိုးမြှင့် သတ်မှတ်မယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီအပြင်အရင်က ရန်ကုန်-မန္တလေး ပြေးဆွဲခဲ့ပြီး ခေတ္တရပ်နားထားတဲ့ အမှတ်(၅) အဆန် အမှတ်(၆)အစုန် အမြန်ရထားကိုလည်း ပြန်လည် ပြေးဆွဲသွားဖို့ရှိနေတယ်လို့ ဦးသောင်းထိုက်က ပြောပါတယ်။

အဝေးပြေးရထားစီးနင်းတဲ့ ခရီးသည်ကတော့ ကိုဗစ်တတိယလှိုင်း ကာလတွေနဲ့ယှဉ်ရင် လက်ရှိမှာ ပိုမိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန် နေပြည်တော်ကိုတောင် ရထားမထွက်နိုင်သေးဘူးလို့ သိရပါတယ်။ ယခုအချိန်မှာ ရထားလက်မှတ်ခတွေ ဈေးတက်ခြင်းဟာ ဒီဇယ်ဆီဈေး တက်လာခြင်းကြောင့်လား၊ အခွန်ပိုလိုချင်လို့လား ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page