မြန်မာပြည်က လူအတော်များများ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံး ရောဂါတွေ ဖြစ်နေရတဲ့ တရားခံ

မြန်မာပြည်က လူအတော်များများ သွေးတိုး၊ဆီးချို၊အသည်းအဆီဖုံးရောဂါတွေ ဖြစ်နေရတဲ့ တရားခံ…

လက်ဖက်ရည်ဆိုင်မှာ ညီတော်မောင် က သူငယ်သူငယ်ချင်း နဲ့ထိုင်နေတော့ မူခင်းဆရာဝန်ဖြစ်တဲ့ သူ့ငယ်ချင်းက ဆီကြော် မစားရဲဘူးလို့ ဆိုတယ်။ သူအလုပ်အရ သေတဲ့သူတွေကို ခွဲစိတ်စစ်ဆေးရတော့ သူပြောပုံအရ ဝတဲ့သူမှ မဟုတ်ဘူး မြန်မာ ပြည်မှာ အတော်များများ က အထဲမှာ ဆီတွေစုနေတယ်လို့ ဆိုတယ် အသည်းအဆီဖုံးတာမျိုး ကိုပြောတာလားတော့ မသိဘူးပေါ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆီလျော့စားဖို့ ပြောနေကြတာလည်း ရှိတယ်။ တကယ်ပြန်ကြည့်ရင် ကျွန်တော်တို့ ငယ်ငယ်က လည်း ဒီလိုဆီပြန်စားခဲ့ကြတာပါဘဲ သို့ သော် ဆီဆိုတာက မြေပဲတွေ နှမ်းတွေက ကြိတ်တာ တွေစားတော့ အခုလိုမဖြစ်ဘူးပေါ့။ မှတ်မှတ် ရရ အရေးအခင်း အပြီးမှာ အစိုးရက မလေးရှားက စားအုန်းဆီတွေ စသွင်း တယ် သွင်းခါစက ပုံးနဲ့ ပေပါနဲ့ ဆီကို စားဖို့ သန့်ပြီးမှ လာတဲ့ဆီတွေ။ ဒါတောင် အဲဒီ အချိန်အမျိုးသား ဓာတ်ခွဲမှာ ရှီတဲ့ အကြီးဆုံးက အမျိုးတော်တော့ သူက နိုင်ငံရေးအရသွင်းခွင့်ပေးထားပေမဲ့ စားဖို့ မသင့်ဘူးလို့ ဆိုတယ်။ ပြီးတော့ အဲဒီက တည်းက ဆီကို သူလည်းမစားတော့ဘူး ၁၉၉၀ ဝန်းကျင်လောက်ကပေါ့။

အဲဒီခေတ်က ကုန်ဈေးနှုံးတက်ရင် ဆူပူမှာကြောက်တော့ ဈေးကျအောင် စားဆီတွေ ဝင်လာတယ်။ အဲဒီအချိန်မှာ မြေပဲနဲ့ နှမ်းတွေက ပြည်ပထွက်ကုန်တော့ ကုန်ကြမ်းဈေးတက်ပြီး ဆီဈေးကတက်မရဘူး။ ဒီလိုနဲ့ ဆီစက်တွေ ပြုတ်ကုန်ကြတယ် နောက်ပိုင်း ပဲဖတ် နှမ်းဖတ်တွေ မရှိလို့ တိရိစ္ဆာန် အစာတောင် ရှားပါးသွားတယ်။ ပြောရရင်တော့ မြန်မာအများစုက စားအုန်းဆီဘဲ စားကြရတဲ့ဘဝရောက်သွားတယ်။

အင်္ဂလန်က ဂျာမဏီက စက်တွေ စိန်ပန်းက ထုတ်ကုန်ဆီစက်တွေလည်း ရပ်ပြီး အလုပ်သမားတွေ လုပ်ငန်းတွေ ရပ်ကုန် ပြီး သူတို့ တစ်တွေ အခြားရောက်သွားတယ်။ နောက်ပိုင်းတရုတ်ဆီစက်တွေဝင်လာပေမဲ့ သိပ်မကြီးကျယ်တော့ဘူး။

ဆီကို ဈေးကွက်မှာ အရင်က ပေပါလိုက် လာပေမဲ့ နောက်ပိုင်းမှာ အခုတိုင် လူတွေစားတဲ့ဆီကို သင်္ဘောဝမ်းဗိုက်မှာ ဒီအတိုင်း ထည့်လာတဲ့ စက်မှုကုန်ကြမ်းလိုဝင်လာတဲ့ ဆီတွေကို ဘဲ မြန်မာတွေစားနေကြရတယ်။

တစ်ခေတ်က ဆီသွင်းခွင့်ပါမစ်ကို နိုင်ငံတော်ရဲ့ ထိပ်ဆုံးက ကိုင်ပြီး တော်ရုံခရိုနီတောင် လက်ခွဲဘဲ ရကြတယ်။ ဆီဖြန့်သူ တွေက အခွင့်ထူးခံတွေဖြစ်ပြီး ဖုန်းတွေ ကားပါမစ်တွေ မြေတွေလို အစိုးရဌာနတွေက အစ အလုပ်ဖြစ်တဲ့ ငွေရှာပေးတဲ့ စနစ်လို့ မြင်နိုင်အောင်လုပ်ပြီး ဆီကို ထင်သလိုဖြန်ခဲ့တော့ Quality တွေ ကျန်းမာရေးတွေ ဘာတွေက ဝင်မပြောနိုင်သလို ဈေးကွက်စီးပွားရေးအရ လည်း ကောင်းတာမပြိုင်နိုင်ကြတောဘူးပေါ့။

နောက်ပိုင်းမှာ ပဲဆီသန့်တွေ ဘာတွေ ထွက်လာပေမဲ့လည်း ပြဿနာက မြေပဲဈေးကြီးတာ အရင်ကလောက် တောင်သူ တွေ မြေပဲမစိုက်နိုင်ကြတာ (ဆည်ရေဖြန်တဲ့ကိစ္စတွေနဲ့ အခြားတွေပါပါတယ်) စိုက်တာတွေက ကြိတ်တာတွေက ဈေးကွက်ကပေးနိုင်တဲ့ ဈေးနဲ့ မရောင်းနိုင်တော့တာကြောင့် မြေပဲနှမ်းက တကယ်ကြိတ်တဲ့ ဆီ ရှားလာတယ်။ industry ရပ်သွားတယ်။

အားမနာတမ်းပြောရရင် လိမ္မော်သီးကို ညစ်တဲ့ အရေနဲ့ ရေထဲကို လိမ္မော်အနံအရသာ ထည့်ထားတဲ့ အဖျာ်ရည် က လိမ္မော်ရည်မတူသလို တစ်ချို့ က ပဲဆီဆိုတာ စားအုန်းဆီတွေကို ဘဲ နည်းပညာနဲ့ အရောင်ချွတ် အရသာချွတ်ပြီး ပဲဆီ အနံတွေ အရသာတွေ ထည့်တယ်။ ကိုယ်တွေ ဆီမှာ အဲဒါတွေကို ဘဲ ဗူးတွေနဲ့ထည့်ရောင်းတာတွေ ရှိတော့ ပဲဆီစားလည်း တကယ်တော့ စားအုန်းဆီတွေဘဲ ဗိုက်ထဲဝင်သလိုဖြစ်နေတယ်။ အနံအရသာဘဲ ပဲဆီ ဖြစ်နေတာလေ။

အိမ်မှာ ဘယ်လိုဘဲ လျော့စားစား ရွေးစားစား လက်တွေ အပြင်မှာ လက်ဖက်ရည်ဆိုင်မှာ လမ်းမှာ နယ်မှာ စားနေရတာ တွေက ရွေးစရာသိပ်မရှိဘူး ပိုဆိုးတာက မြန်မာတွေက ဆီက အိုးပြန့်နဲ့မကြော်ဘဲ ကြော်ပြီးသားနဲ့ ပြန်ကြော်တာတွေက ပိုဆိုးစေတယ် ကို Soe Nyi တို့ရဲ့ feel လို ဆိုင်တွေမှာတော့ နေကြာဆီ သုံးတယ် ကြော်ငြာထားတယ်။

စားသုံးသူကာကွယ်ရေးက U Swe Tin Kyu အဆိုအရတော့ ဆိုင်ကြီးတွေမှာ သူတို့ ဆီကို ဘယ်တံဆိပ် ဘာကို သုံးတယ် ဆိုတာ ကြေငြာထားဖို့လိုတယ်ပြောတော့ ကျွန်တော်တို့ ကွန်ပျူတာက intel inside ဆိုတာ သွားသတိရတယ်။ ဒီလိုဘဲ အတွင်းမှာ ဆိုင်မှာ ချက်တာကြော်တာအတွက် ဘာဆီသုံးထားတယ်ပေါ့။ နာမည်ကြီး နန်းကြီးဆိုင်တွေ အကြော်အလှော် ဆိုင်တွေ ဒီလို လုပ်သင့်တယ်။

တကယ်တာ့ မြန်မာပြည်က ဆီစက် industry ကြီးတစ်ခုလုံး ဆိုရှယ်လစ်ခေတ်မှာတောင် ရှင်သန်လာခဲ့ပြီးမှ ပျက်သွားတာ ဟာ ပြည်ပက သံလွင်ဆီလို ပဲပုတ်ဆီလို ကျန်းမာရေးနဲ့ ပိုပြီးညီတဲ့ အရသာပိုရှိတဲ့ ဆီတွေ အစားထိုးဝင်လာပြီး ပျက်သွား ရင် တောင်ခံသာပေမဲ့ တကယ့် လက်တွေ့မှာ နိုင်ငံတကာမှာ လူမစားတဲ့ စက်မှုသုံးကန်ဆီတွေက အလဲထိုး ဖျက်ဆီးတာ ခံလိုက်ကြရတော့ ပိုရင်နာဖို့ ကောင်းတယ် နှစ် ၂၀ လောက်ကြာသွားတော့ ဆီစက်တင်မက ကုန်ကြမ်းဈေးကွက်ပါ ထိလာတယ်။

ပြောရရင် ကျွန်တော်လည်း ဆေးစစ်တော့ အသဲအဆီဖုံးတာ ရှိတယ်ဆိုတော့ ပြောကြတော့ မိတ်ဆွေအတော်မျာများ လည်း ဖုံးနေတာတွေ့ရတယ်။ မြန်မာပြည်ရဲ့ဖက်ရှင်လိုဘဲ။ စင်္ကာပူလိုသာ သေသမျှ စစ်ဆေးပြီး သုတေသနလုပ်ရင် ဘယ်လိုနေမယ်မသိဘူး။ အခုလက်လှမ်းမှီသလောက်တောင် မြန်မာတွေ အစားအသောက်နဲ့ ဒုက္ခရောက်နေကြတယ်။ ကိုတိုး Myo Han Htun ကြီးပြောသလို ကုန်တိုက်ကြီးတွေက ဝယ်တာတောင် နိုင်ငံတကာ တံဆိပ်တွေတောင် ကိုယ်ဆီ ပို့တာ သူတို့ နိုင်ငံမှာရောင်းတာထက် တစ်ရေနိမ့်တယ်ဆိုဘဲ။

ကြည့်လိုက်ရင်တော့ တိုင်းပြည်က ပညာရေးမှာ ထိပ်ဆုံးက ယခုတိုင် မိဘတွေ ကျောင်းသားတွေအသဲစွဲက ဆေးကျောင်းပါ။ ဒီတော့ အတော်ဆုံး သူတွေ ဒီဖက် ထဲ ရောက်ကုန်တယ်လို့ တွက်ရင်တောင် အခု တိုင်းပြည်မှာ ဆေးကုရင် ဘန်ကောက်ထွက်ကုတဲ့ စားရိတ်က မနဲဘူး ။ နောက်ပြီး ကျန်တဲ့ သူတွေ ပြည်တွင်းကုကြတာမှာ အလုပ်နဲ့ ထိမ်းရတဲ့ ဝန်မမျှအောင် ဆေးရုံတွေ လူကျပ်နေတယ် ။

နောက်ပြီး ကျွန်တော်နားလည်သလောက် health ဆိုတဲ့ ကျန်းမာရေးဆိုတာ ကုသတာတင်မက မဖြစ်အောင် ကျန်းမာအောင်လည်းတာဝန် ရှိတယ် FAO တို့ အစားအသောက်စစ်တာတွေ ရှိသလို စီးပွားကူးသန်းကလည်း စားသုံးသူကာကွယ်ရေးတွေ ဖွဲ့စည်းပုံမှာတော့ ရှိတယ်။

အမေရိကားမှာတော့ ဆိုင်တွေ အရပ်ဝတ်နဲ့ လိုက်စစ်သူတွေက အစားအစာကို ကြမ်းပြင်နဲ့ သတ်မှတ်ပေအောက် မထားရတာ အစားအသောက် ထိန်းသိမ်းတာတွေမှာ အေးခဲရင်အေးခဲထား ပူရင်ပူထား ဆိုတာ ဒီဂရီတွေ တိတိပပ သတ်မှတ်ထားတယ်။ စားသောက်ဆိုင်လုပ်သူတွေ သင်တန်းတက်ပြီး လက်မှတ်ယူထားရတယ်။ ဆောင်ရန်ရှောင်ရန်တွေ သိကြရတယ်။ ကိုယ်ဆီမှာတော့ ကိစ္စမရှိပါဘူးတွေများတယ်။

ဘန်ကောက်လောက် ရောက်ရင်တောင် လမ်းဘေးဈေးသယ်ချင်းအတူတူ အသီးတွေကို ခြင်ထောင်စလေး ဖုံးထားကြတာ လက်အိပ်နဲ့ကိုင်တာ အသုံးအဆောင်တွေက သစ်သားမသုံးဘဲ စတီးတွေသုံးတာ ခေါင်းစွတ်တွေ ရင်ကာတွေ ဝတ်ထားကြ တာ စတာတွေကို မြင်နိုင်မှာပါ။ အတုယူစရာတွေ အများကြီးပါ။ ဂျပန် တိုကျိုးက ငါးဒိုင်ရောက်တော့ သားစိမ်းငါးစိမ်းတွေ ခုတ်ထစ်ရောင်းဝယ်နေတာ လုံးဝညှီစော်မနံတာတွေ့ခဲ့ရတယ်။ သန့်ရှင်းရေးစနစ်တွေ သိပ်ကောင်းတယ်။ ဝယ်ရင်တောင် ထုတ်ပိုးပေးတာက ရေခဲအကာက အစ ပါပြီးသား။

တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝဆိုတာ ကံ စိတ် ဥတု အဟာရ ပေါ်မူတည်ပြီး ကြီးထွားနေကြတာပါ။ မတည့်တာတွေ စားရင် ရှေးကံ ဘယ်လောက်ကောင်းကောင်း ဥတု အဟာရကြောင့်ဖြစ်တဲ့ ရုပ်ပြောင်းလဲမှု့ဖြစ်မှာပါဘဲ။

ပတ်ဝန်းကျင်မှာ Social learning theory အရ သူများလုပ်လို့ လုပ်နေတာတွေကို behivour change လုပ်ဖို့ mind set change လုပ်ဖို့ ခက်တာမှန်ပေမဲ့ တိုင်းပြည်အတွက် ဘဲပြောပြောမီးသားစုတွေအတွက်ဘဲပြောပြော ကျန်းမာမှ အလုပ်လုပ် နိုင်မှာပါ။ ကမ္မဇရုပ် အပြင် ဥတုဇရုပ် အဟာရဇရုပ် စိတ္တဇရုပ်တွေ နဲ့ဖန်တီးထားတာဖြစ်တာကြောင့် အဟာရ မကောင်းရင် ခန္ဒာမကောင်းနိုင်ပါဘူး။ ရှင်းပါတယ်။

မဟာဂန္ဒရုံဆရာတော်ကြီးရဲ့ ကျောင်းတိုက်စည်းကမ်းမှာ စိတ်ကောင်း ရှိဖို့ ပထမ ရဲ့နောက်မှာ ကျမ်းမာဖို့ က ရှေ့ကျပါတယ် စာတတ်ဖို့ က နောက်ဆုံးမှာပါ။ ပြီးခဲ့တဲ့ U23 နဲ့ U20 ဘောလုံးပွဲတွေမှာ မြန်မာတွေကြိုးစားပေမဲ့ ရေရှည် ခန္ဒာကိုယ် ကွာတာက စကားပြောသလိုပါဘဲ။ ကိုယ်ဆီက အားကစားတင်မဟုတ်ပါဘူး ကျန်တဲ့ လူမှု့ရေးစီးပွားရေး ပညာရေး စတာ တွေ ပြိုင်ကြရင်လည်း တစ်ဦးချင်းစီရဲ့ သက်လုံ ကျန်းမာရေး အဟာရ တွေ အရေးပါနေဆဲပါဘဲ။ ဒါတွေက သီခြားခွဲရှိမနေ ကြပါဘူး။

တကယ်တော့ တွက်တတ်ရင် ရောဂါဖြစ်မှ အကုန်အကျခံတဲ့ ငွေကို မဖြစ်အောင် ကြိုသုံးရင် ပိုတောင် သက်သာနိုင် ပါသေးတယ်။ ကောင်းပြီ ပိုပေးမယ် ကောင်းတာစားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီး ရင်တောင် ကိုယ်တွေဆီက အစားအသောက်တွေ အသုံးအဆောင်တွေက အာမခံချက် ဘယ်လောက် ရှိသလဲမသိနိုင်တာတွေက ရင်မောစရာပါ။

ဆိုးဆေးတွေ စားဆော်ဒါနေရာက အဝတ်လျော်ဆိုဒါတွေ ဒိတ်လွန်ပြန်ရိုက်ထားတဲ့ အစားအစာတွေ ဆေးတွေ အတုတွေ ဘာမှ သေချာသုတေသနမလုပ်ဘဲ ဈေးကွက်ထဲရောက်နေတဲ့ ဆေးတွေ နဲ့ အစားအစာတွေ ထိန်းသိမ်ထုတ်ပိုးမှု မတတ်လို့ အန္တရယ် ရှိနေတာတွေ ကိုင်တွယ်တာမတတ်လို့ ဖြစ်ကြတာတွေ လည်း ရှိပါသေးတယ်။

ကားကောင်းတောင် ဆီမသန်တာထည့်ရင် မဆွဲတဲ့အပြင် ပျက်တတ်သေးတာ လူတွေလည်း ခန္ဒာကိုယ်မှာ အဟာရက အရေးကြီးပါတယ်။ သတိပြုကြဖို့ လိုပါတယ် စောင့်ထိမ်းကြဖို့ လောဘမတက်ကြဖို့ အစားအသောက်ခုတ်လုပ်ရောင်းချတဲ့ လောကကသူတွေမှာ လိုပါမယ် ethic ရှိဖို့ နဲ့ စေတနာ ရှေ့ထားနိုင်ပြီး ကံယုံပြီး မဟုတ်တာမလုပ် ကြဖို့ လိုပါတယ်။

မဟုတ်တာလုပ်သူတွေကို လည်း ရှာဖွေဖော်ထုတ် အရေးယူနိုင်ဖို့ လိုပါမယ်။ စားသုံးသူတွေမှာလည်း ကျမ်းမာရေးအသိနဲ့ စားကြဖို့ အစားထိမ်းနိုင်ဖို့ သတိရှိဖို့ ကိုယ်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ အမှတ်တမဲ့ နဲ့ နေပြီး ဖြစ်သလိုနေစားပြီး ဖြစ်လာမှ ကုရတာ မတန်ပါဘူး။ သတိထားကြစေချင်ပါတယ်။

ခက်တာက ဖြစ်လို့ ကုရင်တောင် ကျန်းမာရေးစစ်တဲ့ စက်တွေက လေဘေးအကျီလို သူများတွေဆီက အဟောင်းတွေ အပေါစားကုန်ကြမ်းတွေ ဒိတ်လွန်တွေကြောင့် ကိုယ်တွေဆီမှာ ရောဂါမှန်မပြတာမတွေ့တာ မရှိတာတွေ တွေ့တာတွေ ဖြစ်နေကြတာတွေလည်း ဆိုးပါတယ် % ကြီးကြီး လွဲတာတွေ ဖြစ်နေတာလည်း industry အတွက် မကောင်းပါဘူး သူများနိုင်ငံသွားကုကြတာ ဒါတွေပါပါတယ်။ ဒါလည်း စားသုံးသူကာကွယ်ရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။

ပြောရရင် ကလေးတွေကျောင်းမှာ ရောင်းနေတဲ့ အန္တရယ်ရှိတဲ့မုန်းတွေ က အစ ပြည်သူတွေ ထိတွေ့နေသမျှ တွေမှာ ယုံကြည့်စိတ်ချရဖို့ အခွန်တွေယူထားတဲ့ တာဝန်ယူထားတဲ့ တက်သမျှအစိုးရတိုင်းမှာ တာဝန် ရှိပါတယ်။ သူတို့ တာဝန်က ဥပဒေက ခွင့်မပြုတာကို ငွေယူပြီး လုပ်ပိုင်ခွင့်ပေးရမှာမဟုတ်ပါဘူး။ ဥပဒေပတိုင်း ဖြစ်အောင်လုပ်ကြရမှာပါ။ မလုပ်နိုင်ရင် လုပ်နိုင်သူ ရှာဖိုလိုပါတယ်။ မဟုတ်ရင်တော့ တစ်ပြည်လုံး ရေစုန်မျော ကြရတော့မှာပါ လို့ဘဲမြင်မိပါတယ်။ စာရှည်ကြီးဖတ် ပေးလို့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။

(Ye Myat Thu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page