မိဘကို ပြန်မပေးနိုင်တဲ့ သားသမီးတိုင်း လူမိုက်ဖြစ်သွားပြီလား (ရွှေမြန်မာတို့ရဲ့ လွဲနေတဲ့ အယူအဆ)
မိဘလုပ်ကျွေးရင် ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်လို အကျိုးကျေးဇူးရတယ် ဘလာ ဘလာ ဘလာတွေ လာပြောရင် ဒီအရွယ်မှာ သိပ်အဆင်မပြေတော့ဘူး။
ကိုယ်မိဘကို ပေးတယ်ဆိုတာ ပေးချင်လို့ပေးတာပဲ ကျန်တာဘာမှ မရှိဘူး။ မိဘလုပ်ကျွေး ကံကောင်းတယ် တွေ ဘာတွေ စိတ်မဝင်စားဘူး။ မိဘကို ကျွေးတာ ပေးတာကံကောင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို မပါတာမို့။
အဲဆုက တောင်းလည်း မတောင်းဘူး မပြည့်လည်း ရတယ်။ ကျန်တာ မသိဘူး မိဘကို ပေးချင်လို့ ပေးတယ် ပေးနိုင်လို့ ပေးတယ်။ ဒါပဲ မပေးနိုင်လို့ တကယ်ချို့တဲ့လို့ မိဘကို ပြန်မပေးနိုင်တဲ့ သားသမီးတွေက ငမိုက်သားလိုလို ဗီလိန်လိုလို ဖြစ်သွားတဲ့ ရပ်ကွက်ထဲက Logic ကြီးကို လည်း မကြိုက်ဘူး။
အဓိကက ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာကို အခြားသူအပေါ် ဝန်မပိစေ ဒုက္ခမရောက်စေရင် သားသမီးကောင်း / မိဘကောင်းပဲ။ သားသမီးကောင်းဆိုတာ သေရေးရှင်ရေးက လွဲပြီး မိဘတွေကို ဝန်မပိစေတဲ့သူမျိုး။ မိဘကောင်းဆိုတာလည်း သေရေးရှင်ရေးက လွဲပြီး သားသမီးကို ဝန်မပိစေတဲ့သူမျိုး။
ကုသိုလ်တွေ ငရဲတွေ ဘာတွေ လာမပြောနဲ့ မိဘရယ်လို့ ဖြစ်လာရင် ကိုယ့်ကြောင့် လူ့လောကထဲ ရောက်လာမဲ့ သူကို မပျိုးထောင်နိုင်ရင် လူ့လောကထဲ အစကတည်းက မခေါ်နဲ့ တစ်ချို့က အကြွေးဆပ်ဖို့ သပ်သပ်ကို သားသမီးလာဖြစ်ရတာ။ “I want to sue my parents. Why? Because I was born.” ” ကလေးတွေကို ပြုစုပျိုးထောင်နိုင်စွမ်းမရှိတဲ့ လူကြီးတွေဟာ ကလေးမယူသင့်ပါဘူး” (Zan Htet Ko)