မိုးကြိုးသွားဆိုတာ တကယ်ရှိတာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေနဲ့ ဂျင်းထည့်နေတဲ့ ပွဲစားများအကြောင်း
မိုးကြိုးသွားဆိုတာ တကယ်ရှိပါတယ်။ ဒါပေမယ့် လူများစုထင်သလို ကောင်းကင်က ပြုတ်ကျလာတာ မဟုတ်ပါဘူး။ ဖူဂူရိုက် ဆိုတာဟာ ရိုးရိုးရှင်းရှင်းပြောရရင်(မိုးကြိုးသွား) ကို ခေါ်ဆိုတာပါ။
ကျွန်တော်တို့ဟာ ကလေးဘဝကနေ သိခဲ့တာကတော့ မိုးကြိုးသွားဆိုတာ အချွန်နဲ့ဆင်တူတယ်လို့ ပြောကြတယ်။ တကယ်တမ်း မိုးကြိုးသွားဆိုတာဟာ အချွန်နဲ့လည်းမတူသလို ချွန်ထက်တဲ့အရာနဲ့ ကောင်းကင်ကနေတဆင့် မြေပြင်ကမ္ဘာ့သို့ ပစ်ချလိုက်တာလည်း မဟုတ်ပါဘူး။
မိုးကြိုးပစ်တယ်ဆိုတာ အီလက်ထရစ် ရှော့ခ်ရိုက်လိုက်တာလို့ ဆိုလိုနိုင်ပါတယ်။ တနည်းအားဖြင့်ဆိုရင် လျှပ်စီးလက်ခြင်း လို့လည်းခေါ်ဆိုတာပါ။
သာမာန်မိုးခြိမ်းပြီးတော့ ပုံမှန်လျှပ်စီးလက်တာဟာ ဘာမှမဖြစ်ပေမဲ့လည်း ရာသီဥတုအလွန်ပူပြင်းတဲ့ဒေသမှာ သာမာန်ထက်ပိုသော အပူရှိန်ဖြင့် လျှပ်စီးလက်ခြင်းဟာ လူ၊ တိရိစ္ဆာန် သတ္တဝါများနှင့် အပင်များကိုထိမှန်ပါက ထိခိုက်နိုင်ပြီးတော့ အပူရှိန်ကြောင့် မီးလောင်တာတွေလည်း ဖြစ်နိုင်တာပါ။
မိုးကြိုးသွားဟု ထင်မြင်ယူဆထားသည့် အရာများဟာ ကောင်းကင်က ကျရောက်လာတဲ့ အရာများမဟုတ်ပါဘူး။
ဥပမာဆိုရင် မာကြောခက်ထန်တဲ့ အရာပေါ်သို့ မိုးကြိုးလျှပ်စီးထိ မှန်ပါက မှိုင်းကပ်၊ မှိုင်းစွဲရုံက လွှဲပြီးတော့ မိုးကြိုးသွားဆိုတာကို ရှာမတွေ့နိုင်ပါ။ ဥပမာ ပင်လယ်ကမ်းခြေ၊ ဖန်ချက် ဆီလီကာ သဲသောင်ပြင်များပေါ်၌ မိုးကြိုးပစ်ချခံရပါက ထိုနေရာ၌ လျှပ်စီးအပူချိန်ကြောင့် ဖန်ချက် ဆီလီကာ သဲများဟာ အရည်ပျော်ပြီးတော့ ယခုပုံပါအတိုင်း ဖြစ်တည်လာတာပါ။
အရောင်အားဖြင့်လည်းမတူညီပါ။ အသွင်သဏ္ဍန်အားဖြင့်လည်း မတူညီပါဘူး။ ဒါ့ကြောင့်ဘဲ မိုးကြိုးသွားဆိုတာ မရှိဘူးမဟုတ်ဘူး။ ရှိပါတယ်။ အချို့ဟာ တခြားပုံသဏ္ဍန်ဖန်တီးပြီးတော့ မိုးကြိုးသွားဟု ပြောဆို၍ ဆေးကုစားနေတဲ့ လူလိမ်တွေလည်းရှိနေတာပါ။
ထူးဆန်းတဲ့ ပစ္စည်း ရောင်းဝယ်တဲ့ ပွဲစားတွေက မိုးကြိုးသွားကို နိုင်ငံခြားက လိုက်ဝယ်နေတယ်ဆိုပြီး ဂျင်းထည့် လိမ်လည်တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် မိုးကြိုးသွား အကြောင်း စာဖတ်သူတွေ ရှင်းရှင်းလင်းလင်း သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။