ထုတ်မရတဲ့ ပိုက်ဆံ၊ သုံးသီးစား ရာခိုင်နှုန်းနဲ့ အံ့အားသင့်ဖွယ် အရမ်းကောင်းတဲ့ မြောက်မြန်မာဘဏ်များ

ကာစတန်မာတွေ နှစ်ပတ် ၅ သိန်းလောက် ထုတ်ဖို့ အသေအကြေ ကြိုးစားနေရချိန်မှာ ဒိုင်လျှိုလေးတွေ ကပ်ပြီး တစ်နေ့ကို သိန်း ရာချီ ထုတ်ခွင့်ရတဲ့ သူတွေ ရှိနေတယ် (အလိုက်သိတဲ့သူတွေပေါ့) ။

ဘွတ်ကင် ဖုန်းနံပါတ်တွေကို သာမန်လူတွေ တစ်နေ့ အခါ ၁၀၀၀ ဆက်လည်း ဖုန်းမဝင်ချိန်မှာ ဘွတ်ကင် တစ်ခါတင် ၅၀၀၀ ယူပြီး တစ်နေ့ကို ဘွတ်ကင် ၂၀ လောက် ချိတ်ပေးနေတဲ့ သူတွေ ရှိတယ် (ဘွတ်ကင် တင်လို့ ရတဲ့ လျှို့ဝှက် ဖုန်းနံပါတ်တော့ သိရတာပေါ့)။

ဗဟိုဘဏ်ရဲ့ ပေါ်လစီမှာ လုံခြုံရေးက အစ မျက်နှာထား တင်းတင်းနဲ့ ငွေအပ်ထားတဲ့ ကာစတန်မာကို မတူသလို မတန်သလို ဆက်ဆံ ဆိုတဲ့ ပေါ်လစီလည်း ပါနေသလား ထင်ရတဲ့ အခြေအနေတွေလည်းရှိတယ်။

ဘဏ်အပ်ငွေသာ ထုတ်မရတာ၊ bank loan တွေ၊ အိမ် ကား တိုက်ခန်း ကို ဘဏ်နဲ့ချိတ် ဝယ်ယူထားတဲ့ သူတွေကို ကျတော့ ငွေသွင်း နောက်ကျရင် စက္ကန့်မဆိုင်းပဲ အတိုးတွေ တနင့်တပိုး ယူ၊ နိုးတစ် အကြီးကြီးတွေ ထုတ်ကြတဲ့ ဘဏ်တွေလည်း ရှိတယ် (ဘဏ်အားလုံးပဲ) ။

ကုမ္ပဏီ အကောင့်က နေ နိုင်ငံခြားကို ငွေလွှဲချင်ရင် ဘဏ်က အပ်ငွေကို (%) နဲ့ အပြင်မှာအရင် ငွေသားလဲ၊ ပြီးရင် လဲတဲ့ ငွေသားကို ဘဏ်ကို ပြန်ပေး၊ တာဝန်ခံကို (%) ထပ် ဂါပြီးမှ ငွေလွှဲလို့ ရတယ် ( % သုံးသီး လေးသီး စားတွေ) ။

ဒီလို ဘဏ်မျိုးတွေ ဒီခေတ်ကြီးအပြီးမှာ ဆက်လက် ရှင်သန်နေနိုင်သေးရင်တော့ တက်လာမယ့်ပြည်သူ့အစိုးရနဲ့ ကာစတန်မာတွေ ညံ့လွန်းလို့ပဲ။

စိုးနေ့သစ်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page