ရပ်ကွက်ထဲက စီစီတီဗီ စိတ်ဓာတ်တွေနဲ့ အမေရိကန်ရောက် ရွှေမြန်မာတချို့အကြောင်း
မြန်မာ တယောက် နာမည်ကြီးတဲ့ တယောက်က အမေရိကန်မှာ ဆူရှီလိပ်နေ လို့ ဆိုတဲ့ ပုံတွေကို ကျင့်ဝတ် (ethic) မရှိစွာ နဲ့ ကာယကံရှင် ခွင့်ပြုချက်မယူပဲတင်တဲ့ လူက ဘာအတွက်တင်လဲဆိုတာသူ ကိုယ်တိုင်သိမှာပဲ။ တင်တဲ့လူအကောင့်တောင် အကောင့်ပုန်း (hidden accounts) ကြီး။
(၁) အမေရိကန်မှာ ကိုယ်ရေးကိုယ်တာ (Privacy) ဆိုတာ တယောက်ချင်းစီမှာ လဲရှိတယ်။ အလုပ်နေရာ မှာလဲရှိတယ်။ (၂) ဒီမှာ လစာ တွေကအားလုံး သင့်တင့်မှု (fair) ဖြစ်တယ်။ တခုပဲ ရာထူး အရမ်းမြင့်ရင်တမျိုး။ ကုမ္ပဏီဝန်ထမ်း၊ ဒေါက်တာ၊ အင်ဂျင်နီယာ၊ ဆရာ လစာတွေသိပ်မကွာဘူး။
အရှင်းဆုံးပြောမယ် ကျတော်ရတဲ့ လစာထက်တောင် ဆူရှီသမားတွေပို ရတယ်။ အကျိုးခံစားမှု (benefit) တွေ ကွာရင်ကွာမယ်။ ကျတော် ကျောင်းသားဘဝမှာ ကော်ဖီဆိုင်မှာ အိမ်သာတောင်ဆေးခဲ့တာ အဲ့တာဘာဖြစ်လဲ ကုသိုလ်တောင်ရသေးတယ်လေ။
နောက်တခုက ဆူရှီလိပ်တာ ဆိုင်ပိုင်ရှင် တော်တော်များတယ် အထူးသဖြစ် မြန်မာလူမျိုး ဆိုင်ပိုင်ရှင် တွေ ကိုယ်တိုင်လိပ်တာ၊ သူ ကိုယ်တိုင်က ဆိုင်တွေပိုင်တာလဲ ဖြစ်နိုင်တာပဲ။ တကယ်ရောင်းရရင် သူတို့ ရဲ့ ဝင်ငွေက တလကို ဒေါ်လာ ၄၀၀၀ – ၅၀၀၀အနဲဆုံး အမြတ်ကျန်တယ်။ သိန်း တရာကျော်ပေါ့။ သမ္မတ အိုဘာမား သမီး ဆာရှာ အိုဘားမား တောင် ကျောင်းတတ်ရင်း ဆိုင်တခုမှာ အချိန်ပိုင်း ဝင်လုပ်သေးတာ။
ဒီမှာလေ ကိုယ့်တွေ နိုင်ငံက လာတဲ့ လူအချင်းချင်းပဲ။ အမေရိကန်မှာ ဘာလုပ်လဲ Green Card လား Citizen လား ကျောင်းတတ်တာလား ဘလိုကျောင်းလဲ ကျတော် ကျောင်းသားဘဝတုန်းက လေ အလုပ်မျိုးစုံ လုပ်တယ် ကျောင်းတတ်နေရင်းနဲ့ မြန်မာ တယောက်နဲ့တွေ့တယ် ဒီမှာ မိသားစုနဲ့ နေကြတာ ဘာလုပ်နေလဲပေါ့။
လေကြောင်းတက္ကသိုလ်တတ်နေတာလို့ မိဘ က ရော တဲ့ ကျတော် က တောင် ကျောင်းတဖက်နဲ့ အိမ်ကို ပြန်ထောက်ပံ့ရတယ်ဆိုတော့ သူက Rich Kid မဟုတ်မှန်းသိတော့ ဘာပြောလဲသိလား ကျောင်းက ဘာကျောင်းလဲတဲ့ ဒီမှာက သူတို့ ကလေးတွေတောင် ဒီမှာ ကြီးတာ တောင် လွယ်တာမဟုတ်ဘူး ဆိုတော့။
ဟုတ်ကဲ့ ကျတော်က Massachusetts ရဲ့ State University ကြီးမှာ Business ဘွဲ့ရော လေကြောင်းဘွဲ့ရော ၂ ခု လုံး တက်နေတာလို့။ သူတို့ကလေ နိုင်ငံကြီးသာရောက်လာတာ အငုံစိတ်က ရှိသေးတာ ရီချင်တယ် ဒီမှာကြီးတိုင်းသာ ဘိုလို မွှတ်နေတိုင်း အထင်ကြီးစရာလို့ ထင်နေကတည်းက သနားစရာလေးတွေ။ ဆရာသမားတို့ရေ အမေရိကန်ဗျ။ ရပ်ကွက်ထဲက စီစီတီဗီ စိတ်ဓာတ်တွေမသယ်လာ နဲ့ ကျေးဇူး။ (Grey Charm Draco)