ကမ္ဘာ့အလယ်မှာ နောက်ထပ်နာမည်ပျက်စာရင်း ထပ်ဝင်သွားတဲ့ မြန်မာနဲ့ ဖြစ်လာနိုင်တဲ့ ဂယက်
နာမည်ပျက်ပြီးသားနိုင်ငံတခုကို နာမည်ပျက်စာရင်းကြေငြာ ထည့်ရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး။ အဓိက က နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှုတွေ ပိတ်ဆို့မှု (International Transaction Block) မဖြစ်ဖို့နဲ့ သွင်းကုန် ထုတ်ကုန် ပိတ်ဆို့မှု (Export Import Block) မဖြစ်ဖို့ပါ။ ဒါတွေ မထိခိုက်ဘူးဆိုရင် ဘာမှမဖြစ်ပါဘူး။ ပုံမှန်ပဲ အလုပ်ကိုလုပ်ကြပါ။
အဲ့ဒါတွေ ရပ်သွားရင်တော့ ကျပ်ငွေတန်ဘိုး ကျဆင်းလာမှာ ဖြစ်ပါတယ်။ ပြီးတော့ မနက်ဖြန်ဟာ စနေဖြစ်တယ်။ ပုံမှန်ဆိုရင် စနေ၊ တနင်္ဂနွေလို ဘဏ်ပိတ်ရက်မှာ ဒေါ်လာစျေးဟာ အတည်မဖြစ်လို့ ကျနော်ကိုယ်တိုင် စနေ တနင်္ဂနွေမှာ ဒေါ်လာ မဝယ်ပါဘူး။
တနင်္လာကနေ သောကြာအတွင်းမှာပဲ ကျနော်တို့ ဒေါ်လာ ဝယ်ပါတယ်။ ဒီတော့ မနက်ဖြန်မှာ ကျပ်ငွေတန်ဘိုးကျတော့မယ်ဆိုပြီး ဒေါ်လာ ရွှေ မြေ ကား ဝယ်တာတွေ မလုပ်ပါနဲ့။ အခြေအနေ စောင့်ကြည့်ဖို့ စနေ တနင်္ဂနွေ အချိန် ၂ ရက်ရှိပါတယ်။ အရမ်းလည်း မစိုးရိမ်ပါနဲ့။ သတင်းတခုကို လက်ကိုင်တုတ်သဖွယ်ထားပြီး လုပ်စားချင်တဲ့ ခေတ်ပျက်သူဌေးတွေရှိပါတယ်။
အဲ့ဒီလူတွေဟာ ဘာမှနားမလည်တဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံတွေကို တရက်ထဲနဲ့ အချီကြီး သိမ်းပိုက်လိုက်ပါလိမ့်မယ်။ ဒါကြောင့် အရမ်းမစိုးရိမ်ပါနဲ့။ စိုးရိမ်စိတ်များပြီး လျှောက်ဝယ်တာတွေလည်း မလုပ်ပါနဲ့။ ဝယ်မယ် လုပ်မယ်ဆိုရင်လည်း ကိုယ်ကျွမ်းကျင်တာကိုပဲ ဝယ်ပါ ရောင်းပါ လုပ်ကိုင်ပါ။ ဒီ ၂ ရက်အတွင်းမှာ တခုခု ထူးခြားတာရှိရင်လည်း ကျနော်ပြောပါ့မယ်။
ကျနော်တို့နေထိုင်တဲ့ အမိမြန်မာပြည်ကြီး အစွမ်းကုန်အေးချမ်းသာပြီး အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုတောင်းရင်း အားလုံးပဲ ဂွတ်နိုက်ပါခင်ဗျာ။ MHM