နှစ်သစ်ကူးညမှာ အကင်လုပ်စားမယ့်သူတွေအတွက် မပါမဖြစ် ဆော့စ်အချဉ် (၅) မျိုး ပြုလုပ်နည်း

နှစ်သစ်ကူးညမှာ အကင်လုပ်စားကြမယ့်သူတွေအတွက် အကင်နဲ့ တွဲဖက်စားသုံးရာမှာ မပါမဖြစ်တဲ့ ဆော့စ်အချဉ် (၅) မျိုး ပြုလုပ်နည်း အကြောင်းကို ဖော်ပြလိုက်ပါတယ်-

ထိုင်းအကင်၊ ဝက်ဂုတ်သားကင်တွေမှာ များသောအားဖြင့် တွဲစားသော ဆော့စ်ပြုလုပ်နည်း – ထန်းလျက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ နံနံပင်မြစ် ထောင်းပါ။ ကျိုချက်ပါ။ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ ငရုတ်ကြမ်းမှုန့်၊ နံနံပင် ထည့်ရုံပါပဲ။

ငါးကင်၊ ပုဇွန်ကင်၊ ဆီးဖုကင်တွေမှာ တွဲစားသော ဆော့စ်ပြုလုပ်နည်း – ငရုတ်သီးစိမ်းကို အိနေအောင် ပြုတ်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ထန်းလျက် ထောင်းပါ။ ဆား၊ သကြား၊ သံပုရာသီး ညှစ်ရုံပါပဲ။

မြေပဲဆော့စ်အစပ် ပြုလုပ်နည်း – အခုနောက်ပိုင်း ဝက်သားတုတ်ထိုးဆိုင် တော်တော်များများသုံးကြပါတယ်။ ငရုတ်နီတောင့်၊ ထန်းလျက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နှမ်း ထောင်းပါ။ မန်ကျည်းချဉ်၊ ဆား၊ သကြားနဲ့ မွှေလိုက်ရင် ရပါပြီ။

မြန်မာအကြော်စုံတွေမှာ စားလေ့ရှိသောအချဉ် ပြုလုပ်နည်း – ဗူးသီးကြော်နဲ့ စားရင် ကောင်းမှကောင်းပဲ။ ထန်းလျက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးထောင်းပါ။ မန်ကျည်းရည်၊ ငရုတ်ကြမ်း၊ ဆား၊ သကြား၊ နံနံပင် ရောမွှေရင် ရပါပြီ။

ဖက်ထုပ်ကြော်၊ အသားလုံးပြုတ်တွေနဲ့ စားရတဲ့ ဆော့စ်ပြုလုပ်နည်း – မန်ကျည်းရည် အပေါ်ယံအကြည်လေးပါ။ ဂျင်းကတော့ ကိုယ်တိုင်မလုပ်တော့ဘူး။ လက်ဖက်ဆိုင်က ဝယ်လိုက်တာ။ သကြား၊ ဆား၊ ငရုတ်နီ၊ နှမ်း ထည့်ရုံပါပဲရှင်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

နှစ်သစ်မှာ မိသားစု စုံစုံညီညီနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page