မြန်မာ့ ပထမဆုံး အဲကွန်းပါတဲ့ အဝစား (၅၀၀) ကျပ် မြန်ကောင်းသက်သာ ထမင်းဆိုင် (ရွှေဘိုမြို့မှာပါ)

ရွှေဘိုမြို့က ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်ကို နေ့လည် ၁၁ နာရီမှ ၂ နာရီအထိ ရောင်းချပေးနေပါတယ်။ ထမင်းအဝစား (၅၀၀) ကို လူမျိုးဘာသာမရွေး လာရောက်စားသုံးဖို့ ဖိတ်ခေါ်ထားပါတယ်။

လိပ်စာကတော့ ပြင်စျေးရပ် ၊ လျှပ်စစ် ခင်မောင်ဝင်းနဲ့ မျက်နှာချင်းဆိုင်မှ ရွာသစ်ကြီး လမ်းခွဲ နတ်ခရိုင် မုန့်တီဆိုင်၊ ရွှေဘိုမြို့ ဖြစ်ပါတယ်။

ငပိရည်၊ တို့စရာ အရန်ဟင်း အစုံအလင် ပါဝင်ပြီး ထူးခြားချက်ကတော့ စားသုံးသူတွေ အဆင်ပြေအောင် မိုးလုံလေလုံ ဆိုင်ခန်းရှိတဲ့အပြင် အဲကွန်းပါ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ရွှေဘိုသားတွေ တကယ်လုပ်ပြီဆိုရင် လန့်ဖို့ ကောင်းတယ် ဆိုတဲ့အတိုင်း အဝစား (၅၀၀) ကျပ်ကိုမှ အဲကွန်းနဲ့ ဆိုတော့ လာစားတဲ့သူတွေ ချွေးမထွက်ဘဲ သက်တောင့်သက်သာနဲ့ ရှယ် ဖြစ်ပြီပေါ့ဗျာ။

လှူဒါန်းကျတဲ့ အလှူရှင်များနဲ့ ကာယဒါန လုပ်အားပေးကြတဲ့ ဝေယျာဝစ္စကုသိုလ်ရှင်များ နေထိပန်းလို လန်းဆန်း စိုပြေပြီးတော့ တောင်းတဲ့ ဆုတွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page