“ဉာဏ်ကောင်းလွန်းသူ”
“ဉာဏ်ကောင်းလွန်းသူ”
ကောင်လေးတစ်ယောက် ဘဲဥကဒ်တွေတင်ပြီး စက်ဘီးနဲ့သွားနေတဲ့အချိန်မှာ ရုတ်တရက်ခြေချော်ပြီး စက်ဘီးမှောက်သွားတယ်။
စက်ဘီးမှောက်တော့ ဘဲဥတွေကွဲကုန်တာပေါ့။ အဲဒီချိန်မှာ ပုံမှန်လိုပဲ လူစုလူဝေးဖြစ်ပြီး ကောင်လေးကို ဝေဖန်လေကန်ကြတာပေါ့။ မင်းကစက်ဘီးကို သေချာမနင်းဘူး ဘာညာပေါ့။
လူစုထဲက အသက်ကြီးကြီးနဲ့လူတစ်ယောက်က ကောင်လေးဘဲဥတွေကွဲတော့ သူ့ကို သူ့သူဌေးဆူတော့မှာပဲဆိုပြီး သူတတ်နိုင်တဲ့ငွေ တစ်ထောင်ပေးပါတယ်။ ပြီးတော့ကောင်လေးကိုသူကပြောတယ် ဒီကလူတွေက ဝေဖန်ရုံ သတ်သတ်မဟုတ်ဘူးတဲ့ ၊ သူတို့လဲ မင်းကိုတတ်နိုင်သလောက် ကူညီကြမှာပါကွာလို့ပြောပြီး သူကထွက်သွားတယ်။
ဒီလိုပြောတော့ လူစုထဲက လူတွေလဲ ကောင်လေးကိုသနားပြီး သူတို့တတ်နိုင်သလောက် ကူညီကြတယ်၊ ကွဲတဲ့ဘဲဥထက် ကောင်လေးက ပိုက်ဆံပိုရသွားတယ်၊ ကောင်လေးလဲ ပျော်သွားတာပေါ့။
အဲချိန်မှာ လူတစ်ယောက်က ကောင်လေးကို အဲဒီအသက်ကြီးကြီးနဲ့လူသာ မင်းကိုမကူညီဘူးဆိုရင် မင်းတော့ မင်းသူဌေးဆီမှာ တော်တော်အဆူခံရမှာပဲဆိုပြီးပြောတယ်၊ ဒါနဲ့ကောင်လေးကပြုံးပြီးပြန်ပြောတယ် အဲဒီအသက်ကြီးကြီးလူက ကျွန်တော့သူဌေးပဲ ဆိုပြီးတော့…
လေးစားစွာဖြင့် မူရင်းရေးသားသူ