နေပူထဲမှာ တလမ်းဝင် တလမ်းထွက် ရောင်းတာတောင် ဈေးဦးမပေါက်သေးတဲ့ တံမြက်စည်းသည် အဖိုး

ပိုက်ဆံ အရွက်တွေ ပိုနေတယ်….သား

တံမြက်စည်းကြမ်း ရောင်းတဲ့ အဘ၊ အဘ ဘယ်လိုရောင်းတုန်း၊ အသေး – ၃၀၀၊ အကြီး ၅၀၀၊ ဟုတ် အဘ….ဘယ်နှခု ရှိလဲ မသိ?

ရှိတယ် သားလေး….အိတ်ထဲမှာလဲ ရှိတယ် သား၊ ဒါဆို အသေး ဘယ်နှခု ရှိလဲ အကြီး ဘယ်နှခုရှိလဲ ကြည့်ရအောင် အဘ

အသေး (၂၀) ခု….အကြီး (၄)ခု ရှိ…စုပေါင်း – ၈၀၀၀၊ သား…..အကုန် ယူမယ် အဘ၊ အမ်…အများကြီး မလိုပဲ မယူပါနဲ့ သားရယ်၊ လိုတာပေါ့ အဘရဲ့…..အမေလဲ မှာထားတယ်…..အဒေါ်လဲ မှာထားတယ်…. ဘုန်းကြီးကျောင်းလဲ လှူမလို့

၁၀၀၀၀ တန်လေး (၅)ရွက် ထပ်ပီ တရွက်တည်း ပုံစံနဲ့ ပေးတော့…. အကြွေလေးတွေ အိတ်လေးထဲ နှိုက်ရှာတယ်…. ပြန်အမ်းဖို့ ၂၀၀၀ မပြည့်ဘူး ဖစ်နေတယ် (စျေးဦးလဲ မပေါက်သေးတာလား မသိ)

ပြီးတော့မှ အရွက်လေး ထပ်ထားတာ တွေ့တယ် ထင်တယ်… သားလေး….ပိုက်ဆံတွေ ထပ်ပြီး ပိုနေတယ်ဆိုပြီး….လှမ်းအော်ပြီ လာပေးတယ်….

ဪ…..အဘရယ် ပိုနေတာ ပြန်မပေးနဲ့တော့နော်…. အဘ ယူလိုက်တော့နော်…… ဝမ်းသာလိုက်တာ….သားရယ်….အဘ အိမ် အစောကြီး ပြန်ရပြီ…အရင်ရက်တွေလို လမ်းတကာလဲ မပတ်ရတော့ဘူး။ ကျေးဇူးအများကြီး တင်ပါတယ်…. အဘ လိုက်ပို့ပေးရမလားဆိုပီ (လက်အုပ်လေ ချီပီ ဆုပေးတယ်)

အာ….လက်အုပ်ချီပါနဲ့ အဘရယ်…..သား ငရဲတွေ ကြီးနေပါမယ်။ ဆုတွေအများကြီးပေးရင်း….ပြုံးပြုံးနဲ့ အိတ်လေး လွယ်ပီ ပြန်သွားတယ်။ သွားလေးကျိုးနေတဲ့….အဘ အပြုံးလေး မျက်လုံးထဲ မထွက်

ဪ အဖေတောင် အသက်ရှိအုံးမယ်ဆို ခု…အဘနဲ့ အသက်တူတူ ရှိနေလောက်မှာ၊

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page