နေ့တိုင်းစားနေတဲ့ နို့ဆီထဲမှာ နွားနို့ပါတယ်လို့ ထင်နေကြတုန်းပဲလား (နို့ဆီကို ဘာတွေနဲ့ လုပ်ထားတာလဲ)
အံ့သြစ ရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ်။ နို့ဆီကို ဘယ်ကရသလဲတဲ့။ မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရ တာပေါ့လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီကရတာတဲ့။ ဟုတ်လို့လားလို့ အံ့သြတကြီး မေးလိုက်တယ်။
Fill pounder နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင် ရောင်းရန် အရည်အသွေးမမှီသော စားအုန်းဆီဖြင့် ပြုလုပ် ထားကြောင်း နို့ဆီချက်ရန် စားအုန်းဆီပီပါများ ကွန်တိန်နာဖြင့် လာချနေကြောင်း
အန္တရာယ်ရှိ၍ မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးက သူ့ဆွေမျိုးမိတ်သင်္ဂဟများကို လိုက်လံ သတိပေးပါတယ်။
နို့ဆီကို ချိုသာသော ဈေးနှုန်းဖြင့် များစွာထုတ်နိုင် ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် နွားမွေမြူရေးဇုံ အလုံအလောက် မရှိပါ။ နွားနို့ကို ပြည်တွင်းစားသုံးမှုအတွက် လုံလောက်စွာ မဖြည့်တင်းနိုင်၍ နိုင်ငံခြားကနေ ဘူးများဖြင့် တင်သွင်းနေရပါတယ်။
ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီ ထုတ်ရန် မဖြစ်နိုင်မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။
ယခုခေတ်တွင် အသက်၂ဝကျော် လူငယ်များတွင် သွေးတိုးရောဂါ တွေ့နေရပါပြီ။ လေဖြတ်တာတွေလဲ ဖြစ်နေကြပါပြီ။ သွေးတွင်း အဆီဓာတ် ကိုလက်စထရော ကို အဆမတန် တက်စေပြီး သွေးကြော များကျဉ်းစေ ပိတ်စေ သော နို့ဆီက အသံတိတ်တရားခံ ဖြစ်မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။
ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စီးပွားရေးသမားတွေဟာ ဘယ်သူတွေလဲဆိုတာ အားလုံးသိကြမှာပါ။
ဒီသတင်းကြားပြီး ပြည်သူများအတွက် စိုးရိမ်ရပါသည်။ သူငယ်ချင်းများ အားလုံး၊ မိမိ ဆွေမျိုးမိတ်ဆွေ အားလုံးကို ဖြန့်ဝေပေးကြပါခင်ဗျာ။