မြန်မာ့အဆင့် နံပါတ် (၃) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့အရာ

မြန်မာ့အဆင့် နံပါတ် ၃ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

စစ်အစိုးရခေတ်.. တစ်ရက် အိန္ဒိယနိုင်ငံစိုက်ပျိုးရေးတက္ကသိုလ်တစ်ကျောင်းက ပါမောက္ခများ၊ ပညာရှင်များ ရေဆင်းကို လာရောက်လေ့လာပြီး မေးပါသတဲ့။

“မင်းတို့မြန်မာနိုင်ငံက ပဲစင်းငုံကို တို့နိုင်ငံက နှစ်တိုင်းဝယ်နေရပါတယ်။ ဒါကြောင့် မင်းတို့တက္ကသိုလ်မှာ ပဲစင်းငုံမွေးမြူရေးပညာရှင်ပေါင်း ဘယ်နှစ်ဦး သုတေသနလုပ်နေပါသလဲ”

အဲတော့ ပြန်ဖြေတာက၊ ကျွန်တော်တို့တက္ကသိုလ်မှာ ပဲစင်းငုံမွေးမြူရေးချည်းပဲ သီးသန့်လုပ်နေသူ မရှိပါဘူးတဲ့လေ။

ဟိုကပြန်ဖြေတယ်၊ ငါတို့တက္ကသိုလ်မှာ ပဲစင်းငုံမွေးမြူရေးပါရဂူဘွဲ့ရ ဒေါက်တာချည်းပဲ ၁၀ ဦးရှိပြီး၊ တနိုင်ငံလုံးဆိုရင် ပညာရှင် ၁၀၀ ကျော်က နှစ်စဥ်ပိုမိုကောင်းမွန်တဲ့ ပဲစင်းငုံမျိုးတွေ တောင်သူတွေရရှိဖို့ သုတေသနများစွာပြုလုပ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ သုတေသနညီလာခံတွေ (ပြည်တွင်း၊ ပြည်ပ) နှစ်စဥ်လုပ်နေပါတယ်။

ဒီတော့…. စိုက်ပျိုးရေးကိုအခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ရေးဆိုတဲ့ ဆိုင်းဘုတ်ဟာ ပြည်သူကို ခေတ်အဆက်ဆက် ကြားကောင်းရုံ ဂျင်းထည့်ခဲ့ကြတာပဲဆိုတာ ပေါ်လွင်ထင်ရှားနေပါတော့တယ်။ (Zin Min Nyein)

ကိုးကား။ ။ ကြေးမုံ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page