မြန်မာပြည်မှာ ဈေးကစားချင်သူတွေအတွက် ကြက်သွန်နီက ပေးလိုက်တဲ့ သင်ခန်းစာတခု
ပြည်တွင်းကြက်သွန်နီစျေး ၁ပိသာ ၅၀၀၀ကျော်ပြီးနောက် နယ်စပ်မှ ကြက်သွန်နီများ ၁ ပိသာ ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဝင်ရောက်လာ၊
ဒီဖြစ်စဉ်ကြည့်ရင် စားသုံးသူတွေအတွက် စျေးချိုစွာနဲ့ ဝယ်ယူခွင့်ရလို့ ကောင်းပေမယ့် ပြည်တွင်းကြက်သွန်နီစျေးကွက်ကို ပြည်ပကို အစားထိုးယူသွားမယ်ဆိုရင် ကြက်သွန်နီတောင်သူတွေရေရှည်ထိခိုက် နစ်နာပါလိမ့်မယ်။
ဒါ့ကြောင့်စျေးကွက်တခုမှာ စျေးနူန်းအလွန်အကျွံတက်ခြင်းဟာ စျေးကွက်ထဲက ပစ္စည်းရှိတဲ့သူတွေ အနေနဲ့ ယာယီ အကျိုးအမြတ်ရှိနေပေမယ့် ရေရှည်အတွက်ဆို ကိုယ့်စျေးကွက် ပျောက်သွားပြီး စျေးကွက်ထဲ ပါဝင်ပတ်သက်နေတဲ့သူတွေ အတွက် အခွင့်အလမ်းတွေ ဆုတ်လျော့သွားနိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။
စျေးကွက်တခုမှာ စျေးမြင့်လာလေ အရောင်းအဝယ်အေးလာလေဆိုတာ ထဲထဲဝင်ဝင်လုပ်နေတဲ့သူတွေဆို သိကြပါတယ်။ အရောင်းဝယ်အေးလာရင် စျေးကပြန်အေးလာရစမြဲ ဆိုတာလဲ သိကြပါတယ်။
စျေးကအေးလာပြီး ရှိသင့်တဲ့ စျေးထက် နိမ့်ကျသွားရင်လဲ ဝယ်သူများလာပြီး စျေးပြန် တက်တယ်ဆိုတာလဲ သိကြပါတယ်။ မသိကြသူများကသာ ပိုက်ေ-ာမိပြီး စျေးကွက် အတက်ကျဒဏ်ကိုမခံနိုင်လို့ အရှုံးကြီးအရှုံးခံပြီး ထိုစျေးကွက် ထဲမှထွက်သွားရစမြဲပါပဲ။ အားလုံးGood luck မောင်သူရ(TRT) 6.10.22