ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ ရာထူးကို ရသွားပြီဖြစ်တဲ့ ရှင်ဆေကိန္ဒ (ဘုန်းဘုန်း ရှိတယ်ဟေ့)

လူမှုကွန်ယက် စာမျက်နှာတွေမှာ နာမည်ကြီးနေတဲ့ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒရဲ့ ဓာတ်ပုံတချို့ မနေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံမှာတော့ ၂၃-၆-၂၀၂၂ ရက်နေ့ ရန်ကုန်မြို့မ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ပါမောက္ခချုပ် ဆရာတော်ထံမှ ဩဝါဒခံယူပွဲလို့ ရေးသားထားတာ ဖြစ်ပါတယ်။

ပုံထဲမှာ ဓမ္မဒူတ ရှင်ဆေကိန္ဒရဲ့ ဓာတ်ပုံကိုပါ တဆက်တည်း တွေ့ရတာ ဖြစ်ပါတယ်။ အချက်အလက်များ လိုက်ရှာကြည့်ရမှာတော့ ရှင်ဆေကိန္ဒအနေနဲ့ ဒုတိယပါမောက္ခချုပ် ရာထူးကိုသာ ရယူထားကြောင်း တွေ့ရှိရပြီး မည်သည့် အချိန်က ပါမောက္ခချုပ် ဖြစ်သွားတယ်ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ပါမောက္ခချုပ်နေရာကနေ အနားယူခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ရှင်ဆေကိန္ဒအနေနဲ့ ဒုတိယပါမောက္ခချုပ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းအရ ဒုပါချုပ် တနှစ်ပြည့်ခဲ့ရင် ပါချုပ် ရာထူးကို ရရှိမှာ ဖြစ်ပေမယ့် စကစက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တာကြောင့် ရှင်ဆေကိန္ဒကို ပါမောက္ခချုပ် ရာထူးကို မည်သည့် အချိန်မှာ အပ်နှင်းလိုက်ကြောင်း သေသေချာချာ မသိရှိရပါဘူး။

အပြည်ပြည်ဆိုင်ရာ​ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် စကစ လက်အောက်ခံ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်​အောက်မှ ရန်ကုန်မြို့ရှိ သာသနာပြုတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒကလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ရေငုံနှုတ်ဆိတ်နေသောကြောင့် ပြည်သူများက ဝေဖန်လျက် ရှိနေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page