တို့ဆေးမိပြီး သမိုင်းလမ်းဆုံကနေ ပျဉ်းမနားရောက်သွားတဲ့ အမျိုးသမီးကြီးရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်

မေကြီးပျောက်ဆုံးခဲ့စဉ်က ဖြစ်စဉ်ကိုရှင်းပြပါ့မယ်။ မေကြီးက ၂၀၂၀ ခုနှစ် ၂ လပိုင်း ၁၆ ရက်နေ့ညနေက သမိုင်းဘူတာစျေးမှစျေးဝယ်ပြီး အိမ်သို့အပြန် နံပါတ် ၁၅ ကားပေါ်မတက်ခင်မှာ အမျိုးသမီးတစ်ဦးက ဒူးနာနေလို့ သူ့ကိုကားပေါ်တွဲတင်ပေးဖို့ အကူအညီတောင်းပါတယ်။

ကားပေါ်မှာ ဘေးချင်းကပ်နေရာရပြီး သမိုင်းလမ်းဆုံနားလောက်အရောက်မှာ မေကြီးကို “အစ်မ ခေါင်းမူးနေလား…ဒီမှာရှူဆေး” ဆိုပြီး နှာခေါင်းနားကို လက်ကလာပြီးတို့ပါတယ်။ မေကြီးက ချိုချိုအီအီအနံ့ကြီးရလို့ ချက်ချင်းပုတ်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန် နောက်ပိုင်းကစပြီး ဘာဖြစ်တယ်ဆိုတာကို မမှတ်မိပါဘူး။

နောက်နေ့မနက်ဝေလီဝေလင်းလောက်မှာ ပျဉ်းမနားဘူတာရုံရောက်နေတယ်ဆိုပြီး အနားကသူတွေလာနှိုးမှ သတိဝင်လာပါတယ်။ ပျဉ်းမနားက ကန်ဦး မဟာစည်ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး တပတ်အကြာမှာ အိမ်နဲ့ အဆက်အသွယ်ပြန်ရပြီး ပျဉ်းမနားကနေ ရန်ကုန်နေအိမ်ကို ပြန်ရောက်နေပါပြီ။

ဖုန်းနဲ့ ပိုက်ဆံ ၁ သိန်းခွဲနီးပါးပါသွားပါတယ်။ လူတော့ဘာထိခိုက်ဒဏ်ရာမှမရှိပါဘူး… စိတ်ပူပေးကြသူများ၊ သတင်းမေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။ (Wuttye Thin)

၂၀၂၀ တုန်းက ဖြစ်ပျက်ခဲ့တဲ့ တို့ဆေး အဖြစ်အပျက် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာလည်း တို့ဆေးနဲ့ ပတ်သက်တဲ့ မှုခင်းတွေ မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတာကြောင့် အထူးဂရုစိုက် နေထိုင်ကြပါလို့ အသိပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page