တို့ဆေး မိတယ်ဆိုတဲ့အကြောင်းကို ဒဲ့ ရှင်းပြလိုက်တဲ့ မေ့ဆေးဆရာဝန်ကြီး တဦး
တို့ဆေး ဝယ်ချင်ပါသည်။ ခု တအားခေတ်စားနေတဲ့ တို့ဆေးအကြောင်း တွေးမိတွေးရာလေးပါ။ မေ့ဆေး ဆရာဝန်ဆိုတော့ တို့ ရုံနဲ့ ကြိုက်တာခိုင်းလို့ရတဲ့ဆေးဆိုတော့ စိတ်ဝင်စားလှသဗျ။
စဉ်းစားကြည့်ရင် တကယ့်တို့ဆေးဆိုတာ(တကယ်သာရှိခဲ့ရင်) strong sedative or hypnotic ဆေးတခုခု ဖြစ်ကမယ်။ ဘယ်လောက် strong ဖြစ်ရမလဲဆိုရင် စောင်ကျိုးနည်းကို strong ရမယ်။ ကြွက်သားထဲကို 1cc မပြည့် တပြည့် ဝင်သွားရုံနဲ့ စက္ကန့်ပိုင်းအတွင်း အာနိသင် ပြရမယ်။
ပြတဲ့အာနိသင်ကလည်း ကိုယ်ခိုင်းချင်တာ ခိုင်းရတဲ့အာနိသင်။ မူးဝေ အိပ်ပျော် သွားတဲ့ ဆိုးကျိုး မရှိသလောက်နည်းရမယ်။ အိပ်ဆေးအပြင်းစားတွေမှာတွေ့ရတဲ့ အသက်ရှူ လမ်းကြောင်း ပြသနာတွေ လုံးဝမတွေ့ရဘူး။
အမလေး ဗျာ အက်လိုဆေးရှိရင် ဘယ်လောက်ပေးရပေးရ ဝယ်ပါ့မယ်ဗျာ။ (အက်လိုဆေးလဲ ထွင်နိုင်ပီ လို့ အခုထိမကြားဘူးသေးပါ) မေ့ဆေးဆရာတွေအကြိုက်ပဲ။ စိုးရိမ်စိတ်များတဲ့လူနာ အကြောက်လွန် လူနာတွေတွေ့ရင် တစ်တို့ စီလောက်တို့ထားပီး နှပ်နေရုံပဲ။ လမ်းသိရင်ညွှန်ကြပါအူး။ ကဲ နောက်တခု စဉ်းစားရအောင်။
ကတ်တမင်း ထိုးပီး တို့ဆေး လုပ်တာတဲ့။ 1cc မပြည့်တပြည့်။ ကြွက်သားထဲထိုးတာ။ အင်ဆူလင်အပ်နဲ့။ စဉ်းစားကြည့်ရင် အင်ဆူလင်အပ် သေးရှည်ရှည်ကြီး 1cc အပြည့် လူမမြင်အောင် ကိုင်ရမှာကိုက အတော်ခက်နေပြီ။ ကိုင်ပီး ထိုးလိုက်နိုင်တယ်ထားပါတော့ ကက်တမင်း 1cc မှာ 50 mg ပါတယ်။ ကြွက်သားထဲ ၅၀ mg ဝင်ရုံနဲ့ စက္ကန့် ပိုင်းအတွင်း တော်ရုံလူ ဘာမှ မဖြစ်။
ဖြစ်တယ်ထားအူး ပြတဲ့အာနိသင်က ခိုင်းတာလုပ်ဖို့ဝေးရော ကိုယ်က ပါးစပ်ဟ ဆို သူက မျက်စိမှိတ်ပြနေတာ (ကက် ကြောင်တယ် ခေါ်တာပေါ့)။ ကက်တမင်းမဟုတ်ဘဲ အခြား ဒိုင်ယာဇီပင်အုပ်စုဝင် ဆေးတခုခု ထိုးမယ်ဆိုရင်လည်း အာနိသင်ပြလောက်အောင်ထိုးတဲ့ ပမာဏ နဲ့ဆိုရင် အသက်ရှူ လမ်းကြောင်းပိတ်ပြီး ေ-မှာပဲ။ airway နိုင်တဲ့ လူကုန်ကူးသမားတွေ ရှိရင်တော့မသိဘူး။
အက်တော့ မိတ်ဆွေတယောက်ပြောသလို လောဘ တွေ တဏှာတွေ နဲ့ဆွယ်တယ်။ အားနည်းတဲ့လူ အ တဲ့လူက ပါသွားတယ်။ ပြောရမှာရှက်တော့ တို့ဆေး ပုံချ လိုက်တယ်။ အက်လိုပဲယူဆတယ်။ ကျနော်ယူဆတာ မှားပြီး တကယ် တို့ဆေးရှိခဲ့ရင်လည်း ခွဲခန်းထဲမှာ တို့ ဖို့ ဝယ်ချင်ပါကြောင်း ။ Dr. Pyae Phyo Kyaw Jt မေ့ဆေးဆရာဝန်ကြီး တောင်ကြီး မိခင်နှင့်ကလေးဆေးရုံ (တို့ဆေးဂျင်း ကလေးပျောက်ဂျင်း မြန်မာတို့ ဂျင်းဘေးစုံမှ ကင်းလွတ်ကြပါစေ။)