ဘာသာရေးအကိုးကွယ်ဆုံးနိုင်ငံတွေက ဘာဖြစ်လို့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေရတာလဲ

ကမ္ဘာပေါ်မှာ ဘာသာမဲ့ရာခိုင်နှုန်းအမြင့်ဆုံး (၅)နိုင်ငံ ဆွီဒင် – ၈၅ ရာခိုင်နှုန်း၊ ဗီယက်နမ် – ၈၁ ရာခိုင်နှုန်း၊ ဒိန်းမတ် – ၈၀ ရာခိုင်နှုန်း၊ နော်ဝေ – ၇၂ ရာခိုင်နှုန်း၊ ဂျပန် – ၆၅ ရာခိုင်နှုန်း

ဥရောပမြောက်ပိုင်း ၃ နိုင်ငံ၊ အာရှ ၂နိုင်ငံ။ ဗီယက်နမ်ကလွဲလို့ ကျန်တဲ့နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံစာရင်းဝင်တယ်။ အဖွံ့ဖြိုးဆုံး အပျော်ရွှင်ဆုံးနိုင်ငံတွေထဲမှာပါတယ်။

ဘာသာရေး ယုံကြည်မှုအမြင့်ဆုံး (၅)နိုင်ငံ ဆိုမာလီယာ – ၉၉.၈ ရာခိုင်နှုန်း၊ နိုင်ဂျာ – ၉၉.၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် – ၉၉.၅ ရာခိုင်နှုန်း၊ အီသီယိုးပီးယား – ၉၉.၃ ရာခိုင်နှုန်း၊ ယီမင် – ၉၉.၁ ရာခိုင်နှုန်း

အာဖရိက ၃ နိုင်ငံ၊ အာရှ ၂နိုင်ငံ။ ဘင်္ဂလားဒေ့ရှ်နဲ့ အီသီယိုးပီးယားကလွဲလို့ ကျန်တာကတော့ ယိုင်နဲ့နဲ့တွေ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တွေ။

ဘာသာတရားမရှိရင် လူစိတ်ပျောက်ကုန်မယ်၊ ကောင်းမှုမကောင်းမှု ခွဲခြားမသိနိုင်လို့ မကောင်းမှုတွေကြီးစိုးလာမယ်ဆိုတဲ့ အယူအဆဟုတ်မဟုတ်ကို ရှာဖွေကြည့်တာ။ ကျနော့် ထင်မြင်ယူဆချက်မပါဘူး။ ကိုယ့်ဘာသာ စဉ်းစားကြည့်ဖို့ပါ။ (ဒေါက်တာ သူရိန်လှိုင်ဝင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page