ရွှေဈေးတွေ မတန်တဆ တက်နေလို့ ရွှေကိုင်ထားသူတွေ မြတ်နေပြီလို့ အခုထိ ထင်နေကြတုန်းပဲလား
ကားဈေး သိန်း ၁၀၀ နဲ့ဝယ်ထားသူက သိန်း ၁၅၀ ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း ၁၀၀ နဲ့ပြန်ရောင်းမလား။ ရွှေ ၁၀ သိန်းဈေးနဲ့ ဝယ်ထားသူက ရွှေဈေး သိန်း ၂၀ ဖြစ်ချိန်မှာ ၁၀ သိန်းဈေးနဲ့ပြန်ရောင်းမလား
ရွှေဈေးတက်လို့ ဆိုပြီးပျော်မနေနဲ့ အရင်က ရွှေတစ်ကျပ်သား ဆိုင်ကယ်တစ်စီးဆို အခုလည်း ရွှေတစ်ကျပ်သား ဆိုင်ကယ် တစ်စီးပဲ။ အဓိကဆိုလိုချင်တာက ဈေးတက်တာမဟုတ်ပါဘူး ငွေကြေးတန်ဖိုးကျတာပါ ငွေကြေးတန်ဖိုးကကျပြီး ပစ္စည်းတန်ဖိုးတွေက တက်တာပါ၊
အချိုရည် တစ်ဗူး ၇၀၀ နဲ့ ဗူး ၁၀၀ ဝယ်ထားတယ် စုစုပေါင်းငွေ ရင်းငွေ ၇သောင်း ၈၀၀ ရောင်းတယ်၊ ပြန်ရငွေ ၈သောင်း ၊ တစ်သောင်းမြတ်တယ်မလား၊ ပစ္စည်းတန်ဖိုး မတက်မချင်း မြတ်ပါတယ်၊ အဲ့အချိုရည်ပဲ ကိုယ်ပြန်ဝယ်တော့ တစ်ဗူး ၉၀၀ ၊ ကိုယ်ရင်းထားတဲ့ ငွေ ၇ သောင်း နဲ့ မြတ်ငွေ ၁ သောင်း ပေါင်း ငွေ ၈သောင်း နဲ့ ဗူး ၁၀၀ မရတော့ပါဘူး
ဒါတောင် သယ်ယူစရိတ် ရေခဲသေတ္တာမောင်းတဲ့ မီတာခပါ ရှုံးပါတယ်။ အဲ့ဒိအတိုင်းဆက်လည်ပတ်နေရင် ပြန်မရင်းနိုင်တော့ပဲ ဆိုင်ပြုတ်သွားပါမယ်။ လူအများနားလည်သင့်တာက ဈေးတက်တယ်ဆိုတာ ပစ္စည်းတန်ဖိုးက တက်တာပါ။ အမြတ်ငွေတက်တာမဟုတ်ပါ။
ဈေးကျလို့ လူအများသုံးနိုင်လေ အမြတ်များလေပါ ကုန်ဈေးနှုန်းတက်တဲ့အခါ အရင်းများလာပြီး အမြတ်နည်းလာပါတယ် ဈေးတက်လို့ ပျော်တဲ့ အထဲမှာ ဈေးရောင်းသူတွေလည်း မပါပါဘူးဗျာ။ (Kaung Myat Linn)