ဗြိတိန်ဘုရင်မကြီး နတ်ရွာစံခဲ့ရတဲ့ အကြောင်းရင်းနဲ့ ချန်ထားခဲ့တဲ့ အမွေပစ္စည်း စုစုပေါင်း ပမာဏ

တသီးပုဂ္ဂလပိုင်ဆိုင်မှု ဒေါ်လာသန်း ၅၀၀ ချန်ခဲ့တဲ့ အဲလိဇဘက်ဘုရင်မကြီး၊ သူမပိုင်တဲ့ ရဲတိုက်တွေ၊ အိမ်ခြံမြေနဲ့ လက်ဝတ်ရတနာတွေကို တန်ဖိုးဖြတ်လိုက်ကြတာပါ။ ဘယ်သူအမွေဆက်ခံမလဲမေးခွန်းအပေါ် နောက်တက်လာတဲ့ ချားလ်ဘုရင်က ပိုင်ဆိုင်ခွင့်ရရပါမယ်တဲ့။ ဘာလို့လဲဆိုတော့ သူမဝင်ငွေတွေရဲ့အဓိကနေရာဟာ ပြည်သူတွေရဲ့အခွန်တွေ ဖြစ်နေလို့ပါပဲ။ အဲလိဇဘက်ဘုရင်မဟာ နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့သည့်တိုင် ငါတို့ဆီက သူခိုးဗဗတွေ လောက်တောင်မှ မချမ်းသာပါဘူး။ (Francis Zin)

ဗြိတိန်ဘုရင်မကြီး နတ်ရွာစံခဲ့ရတဲ့ အကြောင်းရင်းကို တော်ဝင်သမားတော်များအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ခင်ပွန်းသည် တော်ဝင်မင်းသား ဖိလစ် ကွယ်လွန်သွားပြီးနောက် ဘုရင်မကြီး အဲလိဇဘတ် ၂ ရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်းနဲ့ သိသိသာသာ ကျဆင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ အသက် ၉၆ နှစ်အရွယ်ရှိ ဘုရင်မကြီးဟာ စက်တင်ဘာလ ၈ ရက်နေ့ စကော့တလန်က ဘယ်လ်မိုရယ် ရဲတိုက်မှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်းပဲ သြစတြေးလျ အထွေထွေရောဂါအထူးကု ဒေါက်တာ ဒက်ပ် ကိုဟန် ဂျုန်းကတော့ ဘုရင်မကြီးဟာ ခင်ပွန်းသည် မင်းသားဖိလစ် ကွယ်လွန်ပြီးကတည်းက စိတ်နှလုံးထိခိုက်ပြီး ဝမ်းနည်းပူဆွေးနေခဲ့တယ်လို့ ယုံကြည်ရကြောင်း ဆိုပါတယ်။

ဒေါက်တာက “ဒီနေရာမှာ တင်းကျပ်တဲ့ သိပ္ပံပညာရပ်တွေ မရှိပါဘူး။ ဒါပေမယ့် ဒါက သေချာပေါက် သတိထားစောင့်ကြည့်ရမယ့် ဖြစ်စဉ်တစ်ခုပါ။ တချို့နည်းလမ်း တွေမှာ ကျန်းမာရေးထက်ကို ပိုတဲ့ စိတ်ဆန္ဒတွေဆုံးရှုံးရတာမျိုးတွေ ပိုပြီး ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ “ ဇီဝကမ္မရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် မင်းသားဖိလစ်ကို ဆုံးရှုံးလိုက်ရခြင်းက သူမအတွက် ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ၊ Cortisol level မြင့်တက်လာခြင်းနဲ့ အဲ့ဒါက သူမရဲ့ ခန္ဓာကိုယ်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်လာပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

နှလုံးခွဲစိတ်ဆရာဝန် နစ်ကီ စတန့်က ပြောကြားရာမှာ “ လူတချို့က သူတို့ရဲ့ ချစ်ရသူကို ဆုံးရှုံးလိုက်ရခြင်းကနေ ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ထဲမှာပါ တုန့်ပြန်မှုတွေ ဖြစ်စေ တယ်ဆိုတာ ပါပဲ။ ရောဂါဖြစ်စေနိုင်ပြီး တစ်ခါတစ်ရုံမှာ တစ်စုံတစ်ယောက်ကို ကွယ်လွန်စေတတ်တာ မျိုးပါ” လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page