ပိုက်ဆံက ထင်သလောက် အရေးမကြီးဘူးလို့ ပြောတဲ့သူတွေ ဖတ်ဖို့ စာတပုဒ်

ပိုက်ဆံက ထင်သလောက်အရေးမကြီးဘူး လို့ ပြောတဲ့သူတွေ ၊ ” ငွေမက်တယ် ” လို့ ပြောတဲ့သူတွေ ကို တကယ် ရယ်ချင်တယ်။ မပြည့်စုံတဲ့ ဘဝတွေမို့ လွှတ်ချခဲ့ရတဲ့ အိပ်မက်တွေ ၊ နောက်ပြန်လှည့်ကြည့် နေရတဲ့ ဘဝတွေမို့ ထင်သလောက် ခရီး မရောက်ခဲ့တဲ့ ပန်းတိုင်တွေ Rich kid မဟုတ်တဲ့ လူငယ်တိုင်းမှာ ရှိတယ်။

ကြိုးစားရင် အောင်မြင်တယ် ဆိုတဲ့ စကားက ပြောရတာဘဲ လွယ်တာ ၊ ထင်သလောက်မလွယ်ဘူး အလုပ်ဘယ်လောက်ဘဲ ကြိုးစားခဲ့ပါစေ။ မိသားစုမျက်နှာ ပြန်ကြည့်ရင်း ကိုယ့်အိပ်မက်တွေ ပဲ့ပါသွားတဲ့ လူငယ်တွေ ၊ တစ်ဖက်လူ အခက်ခဲကို ငဲ့ညာရင်း နောက်ဆုံး ကိုယ်တိုင် ခက်ခဲသွားတဲ့ လူတွေ တစ်ပုံကြီးပဲ။

ပိုက်ဆံက အရာရာတိုင်း မဟုတ်ဘူးဆိုရင်ဆိုတောင် အရာရာတိုင်းမှာ ပိုက်ဆံ မပါဘဲ ပြီးမသွားပါဘူး။ သေရင်ကိုယ့်နောက်မပါဘူး လို့ပြောတဲ့ ဘူကောင်တွေရဲ့ အူကြောင်ကြောင်စကားတွေကို ခေါက်ထားခဲ့ ။ အသက်ရှင်နေတုန်းခဏမှာ ပိုက်ဆံမရှိလို့ မရဘူး။

ချစ်တဲ့သူတွေ အနားနေဖို့၊ နေမကောင်းရင် ဆေးကုဖို့ ပိုက်ဆံလိုတယ် ။အသက်ရှုချောင်ချောင် ရှင်သန်နိုင်ဖို့ ပိုက်ဆံ လိုတယ် ။ လူတွေ ချစ်ဖို့ ပိုက်ဆံလိုတယ် ၊ သူငယ်ချင်းတွေကြား မျက်နှာမငယ်ရဖို့ ပိုက်ဆံလိုတယ် ၊ အိပ်မက်တွေဆီ အရောက်သွားဖို့ ပိုက်ဆံ လိုတယ်။

ချစ်ခြင်းမေတ္တာတွေ ရောင်ပြန်ဟပ်တဲ့ ဇာတ်လမ်းမှာ ပိုက်ဆံဟာ အဓိက ဇာတ်ဝင်ခန်းပဲ ။ အချစ်ခံရဖို့ ပိုက်ဆံ ရှာ ၊ လူရာဝင်ဖို့ ပိုက်ဆံ ရှာ ပတ်ဝန်းကျင်ဆိုတာ အသပြာ လွှမ်းမိုးမှုအောက်က ‌ေ-ာက်ရူးတွေ ချည်း ၊ ငွေ ဆိုတာ လူ့အသိုက်ဝန်းရဲ့ ဘုရားသခင် လူ့အသိုက်ဝန်းရဲ့ သည်းခြေကြိုက်။

တစ်ခုခုလိုချင်တဲ့အခါ စျေးကြည့်ပြီး ပြန်ထွက်လာရတဲ့ အဖြစ်ကလွတ်အောင် ၊ ကိုယ့်ပိုက်ဆံအိတ်လေးကိုငုံ့ကြည့်ပြီး ချင့်ချိန်နေရတဲ့ ဘဝက လွှတ်အောင် ၊ ပိုက်ဆံရှာ။

စျေးကြီးလွန်းပါတယ်ဆိုတဲ့ ကိုယ့်အိပ်မက်တွေက တကယ်တမ်း ပိုက်ဆံရှိတဲ့အခါ အရာရာတိုင်းက အလွယ်လေးပဲ။ ထင်သလောက် အလှမ်းမဝေးတော့ဘူး ။ အများကြီးမတွေးနဲ့ ၊ ပိုက်ဆံပဲရှာ ။ Thar Htwe

Leave a Reply

Your email address will not be published.

x

You cannot copy content of this page