ဒေါ်အောင်ဆန်းစုကြည် မစားဖြစ်လိုက်တဲ့ ဘဲဥဟင်းတခြမ်း (ခေါင်းဆောင်ကောင်း စိတ်ဓာတ်ဆိုတာ)

လွန်ခဲ့သော် နှစ်၂၀ကျော်ခန့်က ဘဲဥချဉ်ရည်ဟင်းနဲ့ ကျမလေးစားချစ်ခင်ရသော် ခေါင်းဆောင်ကောင်းတစ်ယောက်။ မနေ့က အန်တီ နဲ့ပက်သက်ပီး ထူးခြားတဲ့သတင်းလေး တစ်ခု ရလိုက်တယ် ဘဲဥချဉ်ရည်ဟင်း စားခြင်လိုက်တာတဲ့

စိတ်ထဲမှာလည်း မကောင်း မျက်ရည်လည်းကျမိတယ်။ တညလုံး အိပ်မပျော်ဘူးအမြဲတမ်း ရောင့်ရဲတင်းတိမ်တတ်တဲ့ခေါင်းဆောင် အသက်အားဖြစ်လည်းကြီးလာပီ စိတ်ဓာတ်ကြံ့ခိုင်မူကလည်းအားကောင်းလို့သာ တော်ရုံဘာမှမဖြစ်ပေမဲ့အသက်ကြီးတော့စိတ်ပူရတယ် အလုပ်ထဲရောက်တာတောင် အလုပ်ထဲစိတ်မဝင်စားနိုင်ဘူး အန်တီအကြောင်းဘဲ စဉ်းစားနေမိတယ်။

လွန်ခဲ့သော်နှစ်၂၀ကျော်က ၁၉၉၇ မေ၂၇ ပါတီ ညီလာခံကို ပါဝါ ၅၄ က အန်တီခြံထဲမှာ ကျင်းပတယ် တိုင်းနှင့်ပြည်နယ်ကိုယ်စားလှယ် အများစု တက်ရောက်ခဲ့ကြတယ် ပါတီက ဆင်းရဲတော့ ရန်ပုံငွေ သိပ်မရှိဘူးလေ အဲဒီပွဲမှာ ထမင်းကို ဘဲဥချဉ်ရည်ဟင်းတခြမ်းနဲ့ ငါးခြောက်လက်တဆစ်စာ တဖက်ကျွေးတယ်။

ကိုယ်စားလှယ်လည်းဘဲဥတခြမ်း အဖွဲ့ဝင်အားလုံးလည်း ဘဲဥတခြမ်းဘဲ ရကြတယ်။ မှတ်မှတ်ရရ အဲဒီတုံးက ဝေခြမ်းပေးတာကတော့ ရန်ကုန်တိုင်း လူငယ်တွေပေါ့ အခန်းအနား ခဏနားတဲ့အချိန်မှာ ထမင်းစားချိန်ကိုနာရီဝက်နားတယ် ထမင်းစားဘို့အတွက် အားလုံးက ကိုယ်ပန်းကန်ပြား ကိုယ်ကိုင်ပီးတစ်ယောက်ခြင်းစနစ်တကျနဲ့တမ်းစီစနစ်နဲ့ ထမင်းစားတော့ လေးငါးယောက် ကိုယ်အဖွဲ့လိုက်လေးတွေစုပီးစားကြတယ်။

အန်တီက သူကိုယ်တိုင်လည်း ထမင်းစားဘို့တန်းစီခဲ့တယ် သူကိုယ်တာ ဘဲဥတခြမ်းငါးခြောက်လေးတဖက်နဲ့ ထမင်းပုဂံလေးကိုင်ပီး စားပွဲ အလွှတ်တခုကိုရှာနေတာ ထမင်းစားပွဲ ရှေ့တခုရောက်တော့ ဝင်မထိုင်ဘဲ အနောက်ကနေရပ်နေတာကို ဘယ်သူမှ အလေးမထားဘူး။

မှတ်မှတ်ရရ ကံဆိုးတာကတော့ (ဒွေး)အဖေ ဗိုလ်ကြီးဦးတင်ထွန်းမောင် နဲ့ သီဟတင်စိုးအဖေ (ဦးတင်စိုး)တို့စားပွဲဝိုင်းက ပြောနေကြတဲ့စကားသံက ငါတို့ကလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ဘဲဥတခြမ်းမပေးသင့်ဘူး တလုံးလောက်တော့ကြွေးသင့်တာပေါ့တဲ့ ဒါကိုကြားတော့ အန်တီက ထမင်းပန်ကန်လေးကိုင်ပီး ထမင်းဝေတဲ့နေရာကိုပြန်ရောက်လာတယ်။

လူငယ်တွေက အန်တီဘာအလိုရှိပါသလည်းလို့မေးတော့ အန်တီကဘာမှမဖြေဘဲ ဟင်းအိုးထဲကဟင်းရည်လက်ကျန်နဲ့ ထမင်းလက်ကျန်နယ်နေတဲ့ (ကိုလှခင်) သေဆုံးကို ကြည့်ပီး အဲဒါဘာလုပ်နေတာလည်းတဲ့ ကိုလှခင်က ကျွန်တော်တိုထမင်းစားဘို့လုပ်နေတာအန်တီ ဘဲဥဟင်းရှိသေးလား မရှိတော့ဘူးအန်တီ

ဒါဆို သားတို့သမီးတို့ဘာနဲ့စားမလည်းလို့မေးတော့ နယ်ထားတဲ့ဟာနဲ့ဘဲ စားလို့ရတယ် အန်တီလို့ပြောတော့ သူ့ပန်းကန်ထဲက ဘဲဥလေးတခြမ်းကိုဇွန်းနဲ့ဖဲ့ပီ ကျမတို့လူငယ်တွေရဲ့ပန်ကန်ထဲကိုဝေငှပေးနေတာ ကျမတို့လူငယ်တွေငြင်းပေမဲ့ လက်မခံဘဲ အန်တီက အိုးလူးထားတဲ့ ထမင်းအန်တီကို ထည့်ပေးဆိုပီး သူကိုယ်တိုင်ကျမတို့တွေနဲ့ လက်ရေတပြေတည်းမိန်ရှက်စွာနဲ့စား ပြီးတော့ ထမင်းအိုးလူးစားတဲ့အရသာအရမ်းကောင်းတာဘဲဆိုပီး မှတ်ချက်ပေးသွားတယ်

ပီးနောက် ကိုယ်စားလှယ်တွေရဲ့ ထမင်းဝိုင်းကို သွားပီတော့ပြောသေး ကိုယ်စားလှယ်ဆိုတာ တိုင်းပြည်လိုအပ်ချက်တွေကြုံလာရင် ဘဲဥတခြမ်းကိုတောင် မစားဘဲနဲ့ နေနိုင်အောင်ကျင့်ထားရမယ်။ ကိုယ်စားလှယ်ဆိုပီး အခွင့်ထူးခံမလုပ်ရဘူးတဲ့။ အဲဒီနေ့ဟာ ကျမအတွက် ယနေ့ထိ မမေ့နိုင်တဲ့နေ့တနေ့ပါ ၁၉၉၉မေလ ထောင်တွင်းမှာ ကိုလှခင်ဆုံးလို့ ကျန်းမာရေးမကောင်းတဲ့ ကျမ ထောင်ကထွက်လာရတယ်။

ဘားလမ်းဆေးရုံမှာ ဆေးကုသနေတဲ့ ကျမကို လာကြည့်ရင်း အန်တီကပြောသွားတယ် ကိုလှခင်ကအနစ်နာခံပီး သူ့အသတ်ကိုစတေးသွားတာတဲ့ အန်တီက ကိုလှခင်ရဲ့အကြောင်းကိုပြောပီး အန်တီလေတဲ့ ကိုလှခင်နယ်ကျွေးတဲ့ ဘဲဥဟင်းရည်လေးကို ဒီရက်ထဲသတိရနေတာ သူဆုံးတော့ စိတ်ထိခိုက်တယ်ဆိုပီးမျက်ရည်လည်ရွဲလေးနဲ့ပြောနေတဲ့အချိန်မှာ

သီဟတင်စိုးရဲ့ဖခင် ဆေးရုံရောက်လာတော့ အမကျွန်တော်ကို ခွင့်လွှတ်ပါ ကျွန်တော်မနေနိုင်လို့ လက်မှတ်ထိုးထွက်လာရတာပါဆိုတော့ မျက်နှာခပ်တင်းတင်းနဲ့ ကျမရှင့်ကို မဲပေးထားတာ မဟုတ်ဘူး ပြည်သူကမဲပေးထားတာ ပြည်သူကို သွားတောင်းပန်လို့ပြောပီး နှင်လွှတ်လိုက်တယ် အဓိပ္ပါယ်ရှိသော်လုပ်ရက်တွေကိုသာတစိုက်မှတ်လုပ်တတ်တဲ့ခေါင်းဆောင်

ခန့်မှန်းချက်၂၀၀၀ ခုနှစ်သတင်းဌာနတွေနဲ့ ကောလဟာလတွေ ထုတ်လွှင့်မူတွေကြားမှာ သို့လော သို့လော မမှန်သတင်းတွေထွက်လာတော့ အန်တီက သူခြံထဲက ဗူးသီးတလုံးဌာနချုပ်ရုံးကို ပို့လိုက်တယ် ဖရုံသီးမသီးလို့ ဗူးသီးပေးလိုက်တာတဲ့ အဓိပ္ပါယ်က ဗူးဆိုရင်ဖယုံမသီးဘူးပေါ့ အခုတစ်ခါလည်းအန်တီက ဘဲဥချဉ်ရည်ဟင်းလေးရရင် စားချင်လိုက်တာဆိုတော့ ထောင်ထဲမှာတစ်ယောက်ထဲနေတဲ့အန်တီဟာ ဟိုးအရင်းကလူငယ်တွေရဲ့အခန်းကဏကိုလည်းသတိရနိုင်တယ် ကိုလှခင်ကိုလည်းသတိရနိုင်တာဘဲ။

မောင်ငယ်ကင်းရဲ့ ဆန်ရေပန်းချီကားနဲ့ပ က်သက်ပီးတော့လည်း ဂုဏ်ယူနေမယ် ကင်း ဆင်းရဲဒုက္ခရောက်တာကိုလည်း မိခင်တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်နိုင်မယ် တချို့သော်ကိုယ်စားလှယ်တွေအတ္တကြီးနေတာလည်း သူသိကြားနိုင်တာဘဲ လေ အစားအသောက်တခုထဲနဲ့တော့ အန်တီ ကအထူးတလည်တောင်းဆိုမှာမဟုတ်ပါဘူး တိုင်းပြည်အကြပ်အတည်းဖြစ်နေတဲ့ကာလမှာ တချိုကိုယ်စားလှယ်ကြီးတွေ ဝန်ကြီးတွေရဲ့သတင်းတွေက အရမ်းကို ပြန့်နေတော့ အသားဟင်းထက်သက်သာမည့် ဘဲဥဟင်းလောက်ဘဲ စားပါလို့ပြောခြင်တာလား အတွေများပီးစာရေးနေတာအချိန်ကြာသွားတယ်အလုပ်ထဲမှာဆိုတော့ အလုပ်ဆက်လုပ်လိုက်ပါအုံးမယ် အန်တီကျန်းမာပါစေ သူရုပ်မာတွေလက်ထဲက အမြန်ဆုံးလွှတ်မြောက်ပါစေ။ (San Maw)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page