YBS 42 တစီးလုံးကို လူ (၁၅) ဦးခန့် အနုကြမ်းစီး (ပြည်သူတွေရဲ့ ဒုက္ခမျိုးစုံ ဘယ်သူကယ်တင်ပေးမှာလဲ)

ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42 (6p / 6057)သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရတယ်လို့ သိလိုက်ရပါတယ်။

“နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက် တပြိုင်နက် ကားပေါ်တက်လာပါတယ် ကားစီးလာတဲ့ခရီးသည် ဦးရေက ဆယ်ယောက်တောင်မပြည့်ပါဘူးဗျ။ အဲ့မှာ အဲ့လူတွေ ၁၅ ယောက်လောက်တက်လာပြီး ကားသမားကို -ားနဲ့ထောက်ထားတယ်။ ပြီးတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေဆီက ရွှေတွေငွေတွေ အကုန် လုယူပါတယ်။

ကျွန်တော်က ဖုန်းကို ဘောင်းဘီထဲထည့်ထားတာ ဖုန်းမပါလာလို့ဆိုပြီး ကျွန်တော့်ကို ဝိုင်း-ိုးကြပါတယ်။ ၄၂ ယာဉ်လိုင်းက အရမ်းဆိုးနေပြီဗျာ။ CCTV မရှိ ဘာမရှိနဲ့ ယာဉ်မောင်းတွေနဲ့ လူမိုက်တွေနဲ့ ပေါင်းပြီး လုပ်စားနေကြတာလား မသိပါဘူးဗျာ ” ဟု ကာယကံရှင်ပြည်သူတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။

၄၂ ယာဉ်လိုင်းသည် ရွှေပြည်သာသား အများပိုင် ကုမ္ပဏီ မှ ပိုင်ဆိုင်ကြောင်း သိရပြီး သာဓုကန်စက်မှုဇုန်မှ မ/ဥက္ကလာ၊ သာကေတ၊ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းဖြစ်ကြောင်း သိရပါတယ်။

ဝိုင်ဘီအက်စ် ကားများပေါ်မှာ -ားထောက်လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေလေ့ ရှိပြီး ယခုလို အနုကြမ်း စီးတဲ့ ဖြစ်စဉ်ကတော့ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီ ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ အနေနဲ့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ မသိရဘဲ ကြောက်လန့်နေကြပြီး လုံခြုံမှု ကင်းမဲ့နေကြပြီလို့ သိရပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိတော့တဲ့ ရန်ကုန်မြို့ကြီးကို ဘယ်သူ ကယ်တင်မှာလဲဆိုတာကတော့…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page