ရွှေဈေးနဲ့ ဒေါ်လာဈေး ကျပေမယ့် ကုန်ဈေးနှုန်းတွေ မကျရတဲ့ နောက်ကွယ်က အကြောင်းရင်း

လတ်တလောအချိန်မှာတော့ ဩဂုတ်လကုန်နဲ့ စက်တက်ဘာလဆန်းမှာ စံချိန်တင် တက်ခဲ့တဲ့ ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်းဟာ တဖြည်းဖြည်းချင်း ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ကျဆင်းလာပေမယ့်လည်း ဈေးကွက် မတည်ငြိမ်တဲ့ အနေအထား ဖြစ်ပေါ်နေပြီး တချို့ရွှေဆိုင်တွေ အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။

ရွှေဈေးနဲ့ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့အတူ တပြိုင်တည်း မြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေအနေနဲ့ ယခုလို ဈေးပြန်ကျတဲ့ အချိန်မှာရော ပြန်မကျဘူးလားဆိုတဲ့ မေးခွန်း ပြည်သူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ အထက်ပါ မေးခွန်းနဲ့ ပတ်သက်ပြီး ကုန်စုံဆိုင်ပိုင်ရှင်တဦးရဲ့ အဖြေက ပြည့်စုံကောင်းမွန် လှာတာကြောင့် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်ခင်ဗျာ-

ဒီနေ့ ရွှေဈေး၊ ဒေါ်လာ၊ ဘတ် ဈေးတွေကျတော့ မနက်ဖန် ကုန်ဈေးနှုန်းကျတော့မှာလားတဲ့။ ဟုတ် ဒီနေ့ ငွေကျုံ့ခြင်း (ဝါ) ကျပ်ငွေတန်ဖိုးတက်ခြင်းဟာ ၂.၃ ရာခိုင်နှုန်းနဲ့ ၂.၆ ရာခိုင်နှုန်းကြား ရှိပါတယ်။ ငွေကြေးဖောင်းပွစဉ်က ၃၅ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြား ဖောင်းပွခဲ့တာဖြစ်လို့ ကုန်သည်တွေကြား (လက္ကား) ဈေးလောက်ပဲ အကျရှိလိမ့်အုန်းမယ်။

ကုန်သည်နဲ့ စားသုံးသူကြား(လက်လီ) ဈေးကတော့ တပတ်လောက် ဒီနေ့နှုန်းနဲ့ ဆက်ကျချင်မှ ကျလိမ့်မယ်ထင်တယ်။ ဒီနေ့နှုန်းက ဆိုင်သေးလေးတွေအတွက်တောင် မပါသေးဘူးရယ်။ အရှိန်ဟုန်ပြင်းပြင်းနဲ့ ထပ်ကျဖို့ဆို ပြီးခဲ့တဲ့ရက်တွေက နှစ်ပတ်နဲ့ အထက်စာလောက် ဝယ်လှောင်ထားကြတဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူဘက်က ခုကျဈေးလောက်နဲ့ထပ်မဖြည့်ကျဖို့ဘဲလိုပါတယ်။ ခုက စားသုံးသူတွေ အပေါ် အလှည့်ပြန်ရောက်ပါပြီ။

ကိုယ်တွေ ဆိုင်သေးလေးကတော့ ငွေကြေးမငြိမ်မချင်း ဒီနေ့ရောင်းဈေးသည် မနက်ဖန်ဝယ်ဈေး( ရောင်းရှုံး)ရယ်၊ ဒီနေ့ဝယ်ဈေးသည် မနက်ဖန်ရောင်းဈေး(ဝယ်ရှုံး)ရယ်ဆိုတဲ့ သံသယာထဲဘဲ ဝဲလည်ကျပေဦးတော့မည်။ (Ye Minn Thwin)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page