မိုးကြီးမယ့် ဒေသတွေကို အတပ်ဟောလိုက်တဲ့ ပညာပြည့်ဝ နှလုံးလှတဲ့ မိုးမင်းသမီးလေး စုစုစံ
၃-၈-၂၀၂၂ ရက်နေ့ ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုန်လေအား အလွန်ကောင်းလာနေပါတယ်။ တနင်္သာရီ တိုင်း မွန်ပြည်နယ်ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများရွာသွန်းနိုင်ပါတယ်။ ISSUED TIME 03/08/2022 AT 8:30AM (MMT)
၂၀၂၂ ဩဂုတ်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း ဒေသတွေမှာ မုတ်သုန်မိုးတွေ ဆက်တိုက်ရွာသွန်းနိုင်ပြီး ဩဂုတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွေမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ်တွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။ ၈ ရက်နေ့ ၉ ရက်နေ့ ၁၀ ရက်နေ့တွေမှာတော့ ရခိုင်ပြည်နယ် တခုလုံး မိုးကြိုးနိုင်ပါတယ်။
၇ ရက်နေ့ ရှမ်းပြည်နယ်တစ်ခုလုံးမိုးရွာနိုင်ပြီး ၈ရက်နေ့ ၉ရက်နေ့ ၁၀ရက်နေ့တွေမှာ မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းတွေမှာ မိုးရွာနိုင်ပြန်ပါတယ်။ ရက်ဝေးခန့်မှန်းပေးထားတာဖြစ်ပြီး ရက်နီးကိုလည်း ဒေသအလိုက် အသေးစိတ်စိစစ်တွက်ချက်ပြီး ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။ ISSUED TIME 03/08/2022 AT 9:19AM(MMT)
ရက်ဝေးခန့်မှန်းချက်၊ ၂၀၂၂ သြဂုတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အတွင်း မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်း ရခိုင်ပြည်နယ်တွေမှာမိုးရွာနိုင်ပြီး၉ရက်နေ့မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် မကွေးတိုင်းအနောက်ပိုင်း ရခိုင်ရိုးမတောင်တန်းများပေါ်မှာမိုးကြီးနိုင်သဖြင့် မကွေးတိုင်းအနောက်ပိုင်း ဧရာဝတီမြစ်အတွင်းစီးဝင်သောမြစ်ချောင်းရေများ ချောင်းရေကြီးခြင်းများဖြစ်ပေါ်နိုင်သလို မုန်းတမံ ကြီးအုံကြီးဝတမံ မန်းတမံ အိုင်းမဆည် လင်းဇင်းဆည် စလင်းဆည်ရေများစွာတိုးလာနိုင်ပါတယ်။
ဆည်ရေသောက်တောင်သူလယ်သမားများအတွက်တော့ မင်္ဂလာသတင်းကောင်းလေးဖြစ်သလို သြဂုတ်လ ၁၀ရက်နေ့ ရခိုင်ပြည်နယ်နှင့် ရခိုင်ရိုးမပေါ် မိုးကြီးနိုင်ပြန်သဖြင့် မကွေးတိုင်းအနောက်ဖက်ပိုင်း ချောင်းနီးမြေနိမ့်နေကြသူများ ရေကြီးနိုင်မှုအခြေအနေကို အထူးသတိထားကြရမှာပဲဖြစ်လို့ အသေးစိတ်စိစစ်တွက်ချက်ခန့်မှန်းပေးနိုင်ရန်အတွက် အဆင့်မြင့် Weather data အချက်အလက်များဝယ်ပြီး တွက်ချက်စိစစ်ကာ ရက်နီး ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီတင်ပေးသွားမယ်နော်။ ISSUED TIME 03/08/2022 AT 2:55PM(MMT) (မိုးမင်းသမီးလေး စုစုစံ)