ခေတ်အဆက်ဆက် လိမ်ခဲ့ကြတဲ့ စပါးအထွက်တိုးပုံပြင် (မြန်မာ့ဆိုရှယ်လစ်ခေတ်ရဲ့ အဓိက ဂျင်းကြီးများ)
ခေတ်အဆက်ဆက် လိမ်ခဲ့ကြတဲ့ စပါးအထွက်တိုးပုံပြင်၊ ၂၀၀၀ ခုနှစ်လောက်က မှော်ဘီစကစ (၁) ထဲမှာ လယ်ဧက (၁၀၀) ငှါးရမ်းပြီး မန်နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အဲတုန်းက စစ်တပ်အရာရှိရိပ်သာမှာပဲနေပြီး ပညာရှင်ဗိုလ်ကြီးတွေပြောပြလို့ သိခဲ့ရတာပါ။
မှော်ဘီမှာ စပါးသုတေသနစမ်းသပ်စိုက်ခင်းတွေ ရှိပါတယ်။ သေချာအကွက်ဖော်ပြီး ရေသွင်းရေထုတ်မြောင်းတွေနဲ့ စိုက်ကြရတာပါ။ နှစ်ကုန်အစီရင်ခံစာတင်ဖို့ တွက်ကြတဲ့အခါမယ် စပါးစိုက်ခင်းဧရိယာနဲ့ စုစုပေါင်းစပါးထွက်နှုန်းကိုစားပြီး ပျမ်းမျှတွက်ထုတ်တာ မဟုတ်ပါဘူး။
တမျှော်တခေါ်စပါးခင်းထဲကမှ အကောင်းဆုံးနေရာက တပေပါတ်လည်နေရာလောက်ကို အရင်ဆုံးရွေးကြပါတယ်။ ပြီးရင် လက်နဲ့ပဲ အစေ့ချွေကြပြီး နို့ဆီခွက်ထဲ ထည့်ချိန်ကြရပါတယ်။ မပြည့်တပြည့်ဖြစ်နေရင် အပြည့်လို့ယူဆကြပါတယ်။
QS စကားပြောရရင်တော့ Roundup လုပ်တယ်ပေါ့။ ရတာကိုမှ တဧကကို ဘယ်လောက် စတုရန်းပေရှိသလဲ မြှောက်လိုက်ပါတယ်။ ထပ်ပြီးအစွန်းထွက်ကို roundup လုပ်ပါတယ်။ အဲလိုအထပ်ထပ် ဆတိုးလုပ်ထားတာကိုမှ အစီရင်ခံစာထဲထည့်ရေးကာ မြန်မာသုတေသနက တီထွင်ထားတဲ့ စပါးမျိုးစိတ်သစ်က တဧက တင်း ၁၀၀ ထွက်ပါတယ်လို့ အထက်ကို လိမ်လည်ကြပါတော့တယ်။
အထက်က အဘတွေဆိုတာကလည်း စပါးပင်နဲ့ တမန်းပင်တောင်မှ မခွဲခြားတတ်တဲ့ ငစနူတွေမို့ သိပ်လိမ်လို့ကောင်းပါသတဲ့။ ဤသို့မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လိုက်ကြတာ မြန်မာပြည်လည်း ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည် ဖြစ်သွားရလေသတည်း။ ခုလည်း စပါးကိစ္စ အရူးထကြ၊ ဂျင်းထည့်ကြ ပြန်လေပြီ။