ရန်ကုန်မြို့ကြီး အမှောင်ကျသွားတဲ့ ညနဲ့ မီးမလင်းတော့တဲ့ မီးပွိုင့်များ (ဘယ်သူ့မှာ တာဝန်ရှိလဲ)

ရန်ကုန်မြို့မှာ အောက်တိုဘာ ၁၉ ရက် ည ၆ နာရီ ၂၅ မိနစ်ခန့်က တမြို့လုံး မီးပြတ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားပေးစနစ် ချို့ယွင်းမှုကြောင့် ယခုလို ပြတ်တောက်ခဲ့ရတာ ဖြစ်ကြောင်း စကစ လက်အောက်ခံ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးကြေညာခဲ့ပါတယ်။

ထိုသို့ ပြတ်တောက်မှုကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်မတီမှ ပြန်လည်ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လျှပ်စစ် ပြတ်တောက်မှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင့်အများစု ပြတ်တောက်သွားခဲ့ပြီး မီးပွိုင့်တွေမှာ ကားတွေ ပိတ်ဆို့လျက် ရှိနေပါတယ်။

လက်ရှိအချိန်မှာ မြို့နယ်အချို့မှာ လျှပ်စစ်မီး ပြန်လာနေပေမယ့်လည်း တချို့မြို့နယ်တွေမှာ ပြတ်တောက်လျက် ရှိနေပါသေးတယ်။ မီးပွိုင့်များ ပြတ်တောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ကာ အလုပ်ပြန်သူများ အိမ်ပြန်နောက်ကျမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ မီးပွိုင့်များဟာ မြေပြင်လျှပ်စစ်တိုင်များနဲ့ ချိတ်ဆက်ထားတာကြောင့် ယခုလို ဓာတ်အားပေးစနစ် ချို့ယွင်းရင် အလုပ်မလုပ်တော့တာကြောင့် ပြည်သူတွေ အမြဲ အခက်တွေ့နေရပါတယ်။ အဆိုပါ ပြဿနာကို လျှပ်စစ်ဌာနအနေနဲ့ ပြင်ဆင်မှု မလုပ်နိုင်သေးဘဲ အကြောင်းပြချက် အမျိုးမျိုး ပေးနေတာကို တွေ့ရပါတယ်။

ပြည်သူများအနေနဲ့ လျှပ်စစ်မီတာခများကို ဒဏ်ကြေးအပါအဝင် အပြည့်အဝ ပေးဆောင်မှုများ ရှိနေပေမယ့်လည်း ယခုလို လျှပ်စစ်မီး ပြတ်တောက်မှုများအတွက် မည်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ ရေအားလျှပ်စစ်ကို အားထားရတဲ့ မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကို ပိုမိုကြုံတွေ့ရမှာ ဖြစ်တယ်လို့ အမည်မဖော်လို့တဲ့ လျှပ်စစ်ဝန်ထမ်းတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page