ရွှေနဲ့ ဒေါ်လာဈေး အနည်းငယ်ပြန်ကျ (မုန်တိုင်းမထန်ခင် လေငြိမ်ခြင်းပေလား)
ပြည်တွင်း ရွှေဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် ၂၉၀၀၀၀၀ ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ်လျ က်ရှိပြီး အဆိုပါ ဈေးနှုန်းမှာ နှစ်ပတ်အတွင်း သိန်း(၃၀) အောက်သို့ ပထမဆုံး ပြန်လည်ပြုတ်ကျခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ လယ်ပိုင်းမှ စတင်ကာ ပြည်တွင်း ရွှေဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် (၃၇) သိန်းကျော်အထိ စံချိန်တင်ဈေးမြင့်ခဲ့ရာမှ ယခုလို ပြန်လည် ကျဆင်းလာခြင်းလည်း ဖြစ်ပါတယ်။
ယခင်နှစ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းမှာ သိန်း(၂၀) အောက် ပေါက်ခဲ့ရာမှ ပြည်တွင်း နိုင်ငံခြားငွေဈေးဂယက်ကြောင့် စက်သုံးဆီဈေးနှုန်းအပါအဝင် အခြေခံကုန်ပစ္စ ည်းဈေးနှုန်းများနှင့် အထွေထွေစရိတ်မြင့်တက်မှုကြောင့် ရွှေဈေး (၃၇) သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒေါ်လာဈေးအနေနဲ့ ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ပြင်ပငွေကြေးဈေးကွက်အတွင်းမှာ ဈေး နည်းနည်းပြန်ကျတယ်လို့ ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက အမေရိကန် တစ်ဒေါ်လာကို ပြင်ပငွေကြေးဈေး ကွက်အတွင်းမှာတော့ ကျပ် ၃၄၀၀ ကနေ ၃၅၀၀ ကြား အရောင်း အဝယ်ပြုလုပ် ဈေးပိတ်ခဲ့ပေမယ့် ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ကျပ် ၃၃၀၀ ကျပ် ၃၃၇၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ငွေကြေးဈေးကွက်လေ့လာနေသူတစ်ဦးက “ မနေ့ကတော့ ၃၅၀၀ ဝန်းကျင်ပေါ့။ ပါးပါး လျော့တယ်။ အရောင်းအဝယ်ဖြစ်ကြတယ်။ ဒီနေ့ကတော့ ဈေးနည်းနည်းကျ တယ်။ အခု ၃၃၀၀ ကနေ ၃၃၇၀ ကြားပေါ့ အရောင်းအဝယ် ဖြစ်တယ်။အရောင်းအဝယ် ကတော့ ငြိမ်တယ်” လို့ ယနေ့ နေ့လယ် ၂နာရီခွဲကျော်က ပြောပါတယ်။
လက်ရှိမှာတော့ ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသလို အရောင်းအဝယ်ပြုလုပ်တဲ့အခါ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဈေးကို သုည ဒသမ ၃ရာခိုင်နှုန်းပဲ ခွာပြီး အရောင်းအဝယ်ပြုလုပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်း အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင်ခန့်အထိ မြင့်တက်ခဲ့ပါသေးတယ်။
ယခုလို ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ပြန်လည် ကျဆင်းလာပေမယ့် ဈေးကွက်ထဲမှာ စိတ်ကြိုက် ဝယ်ယူလို့ မရသေးကြောင်း၊ တကယ့်ဈေးကွက်အမှန်ကို တရက် နှစ်ရက် အချိန်ပိုင်းနဲ့ ဆုံးဖြတ်လို့ မရကြောင်း၊ မုန်တိုင်း မလာခင် လေငြိမ်ခြင်းလိုမျိုး အဆမတန် ထိုးမတက်ခင် အကျပြတဲ့ သဘောမျိုး ဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။