ပုဂံမြို့လယ် ဘုရားတွေပေါ်က ဝမ်းနည်းဖွယ်ရာ မြင်ကွင်းများ (အသိရှိကြဖို့ လိုအပ်နေပါပြီ)
ဒါပုဂံမြို့ လယ် ဘုရား ၃၁ ဆူ ထဲက ဘုရားတွေမှာ ခုလို ဒဗလျူဝိုင် သုံးတဲ့ အခါလိုအပ်တဲ့ ပစ္စည်းတွေ မြင်တဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ ထိထိရောက်ရောက်တားသင့်နေပါပြီ။
ဘာသာရေး၊ လူမှုရေး ဘယ်ဖက်က ကြည့်ကြည့် ဒါအတော်ဆိုးအကျည်းတန်ပါတယ်။ ဒီအတိုင်းလွှတ်ထားရင် နောက်နောင်မှာ တားမရ ဆီးမရ အမျိုးသမီး အမျိုးသားလူငယ်တွေ ဒီပတ်ဝန်းကျင်မှာ ရှင်သန်ရပါတော့မယ်။
၃၁ ဆူ ဘုရားပတ်ဝန်းကျင်မှာ သန့်ရှင်းရေးတွေ လုပ်ပြီး ပညာပေး အရေးယူတာ့တွေ လုပ်သင့်နေပါပြီ။ ရောင်းသူ သုံးစွဲသူတွေ ရပ်သင့်နေပါပြီ။ နောက်နောင်မှာ မိမိအိမ်မှာ သုံးတဲ့ သတင်းတွေကို တင်ပေးပါမယ်။
ရပ်ကြပါ အရေးယူကြပါ ပုဂံမှာ ဒဗလျူဝိုင် ရှာရခက်တယ် ဝယ်လို့မရဘူးဆို့တာပဲ ကောင်းပါတယ်။ ပုဂံမှာ ပေါရင် ဝယ်ရလွယ်တယ်ဆိုရင် ပုဂံပျက်စီးစ ပြုနေပါပြီ။
မိဘ တွေလည်း သားသမီးတွေကို သုံးနေမှန်းသိရင် သက်ဆိုင်ရာကို သတင်းပေးပြီး ပညာပေးသဘော လုပ်ခိုင်းသင့်ပါတယ်။ အဆင့်မြင့် လာရင် ပတ်ဝန်းကျင် ဒုက္ခပေးလာပါတော့မယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)