ရှေးဟောင်း ပုဂံမြေမှာ ခြေကုပ်ယူတော့မယ့် ပေါက်ဖော်တွေရဲ့ နောက်ကွယ်က အကြံအစည်

ပုဂံမှာ ပေါက်ဖော်တွေနေရာယူလာဘီဆိုတဲ့ သတင်းက ကြားနေရတာ တစ်လလောက်ရှိပါဘီ။ ၂၀၁၆ ငလျင်ဒါဏ်သင့် ဘုရားတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ကြရာမှာ နိုင်ငံတကာအဖွဲ့စည်းတွေက အသီးသီး ကူညီကြပါတယ်။ ပေါက်ဖော်လည်းပါသပေါ့။ သဗ္ဗေညုဘုရားကိုပြင်မှာ။

အဓိက ပြသနာက ပေါက်ဖော်အဖွဲ့အတွက် ရုံးခန်းသီးသန့်နေရာတောင်းတာ။ မြေပေးပါ အဆောက်ဦးဆောက်မယ်ပေါ့။ ဆောက်ပီးရင် ပေါက်ဖော်အပိုင်ဖြစ်ဖို့များပါတယ်။ ပုဂံမှာရှိတဲ့ အခြားသောနိုင်ငံတကာ ပညာရှင်အဖွဲ့စည်းတွေထဲမှာ ဘယ်အဖွဲ့မှ မြေမတောင်းပါဘူး။ ရုံးခန်းနေရာကလည်း ပုဂံ ရှေး/သုနဲ့ လက်လှမ်းမှီရာတနေရာရာမှာဘဲ ကပ်ဖွင့်ကြတာများတယ်။ သီးသန့်မြေနေရာတောင်းတာမျိုး မလုပ်ကြပါဘူး။

ပေါက်ဖော်တွေ ပထမဆုံးတောင်းတဲ့မြေနေရာက အာန္ဒာဘုရား အနောက်မုခ်ဘက်၊ ကွင်းပြင်ကြီးမှာမှ မြို့ရိုးနားကပ်နေတဲ့ နေရာ။ ရှင်းရှင်းပြောတော့ ပုဂံမှာ အကောင်းဆုံးနေရာပေါ့။ ပေါက်ဖော်က အဲ့လိုနေရာမျိုးကို ခပ်တည်တည်တောင်းတယ်။ အရင်အစိုးရလက်ထက်မှာ ဖြစ်လို့ နေရာ မပေးခဲ့ကြဘူး။

အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း (HIA) လုပ်ပီး အကျိုးကြောင်းပြပီး ရုံးခန်းနေရာ မပေးခဲ့ကြဘူး။ အဲ့မှာ ပေါက်ဖော်အဖွဲ့ကလည်း စိတ်ကောက်ပီး ပြင်ဆင်ရေးအလုပ်တွေ ဆက်မလုပ်ဖူး။ နောက်တော့ ကိုဗစ်ဝင်တယ်။ အခုမှ ပေါက်ဖော်တွေက ပြန်ဝင်နေကြတာ။ ဘာကြောင့်လဲဆို ပေါက်ဖော်တွေအတွက် မြေနေရာပေးလိုက်ပီလို့ သတင်းရပါတယ်။

မြေနေရာကလည်း ရှေးဟောင်းဇုန်ထဲမှာပါဘဲ။ ငကျွဲနားတောင်းဘုရားနား ကပ်လျက်နေရာ။ မြေပုံမှာကြည့်။ ပြောချင်တာက ပေါက်ဖော်တွေတောင်းတဲ့ အရင်မြေနေရာက အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း (Heritage Impact Assessment) လုပ်ပီး မရပါဘူးပြောတယ်။ အခုပေးလိုက်တဲ့ မြေနေရာက ပုဂံမှာ အစောဆုံးဘုရား၊ ပျူခေတ်ဟန် မပျောက်သေးတဲ့ ဘုရားတွေထဲက တစ်ခုဖြစ်တဲ့ ငကျွဲနားတောင်းဘုရားနားတင်။

ဒီတစ်ခါ လုပ်တဲ့ အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း (Heritage Impact Assessment) က ဂျင်းဖြစ်ပါလိမ့်မယ်။ ထားတော့။ ပေါက်ဖော်တွေဘာကြောင့် ပုဂံမှာ မြေနေရာတောင်းသလဲ ဆိုတာသေချာစစ်ကြောဖို့လိုမယ်။ ပေါက်ဖော်တွေက မြေနေရာရရင် ပြန်ပေးရိုးထုံးစံမရှိပါဘူး။ ရုံးလုပ်ငန်းသဘောအရလည်း သူတို့ရုံးခန်းထဲ မြန်မာဝန်ထမ်းတွေ သွားထိုင်ခွင့်ရမှာမဟုတ်ပါဘူး။ သူတို့ဘာတွေလုပ်နေကြမှန်းလဲ သိရမယ်မထင်ပါဘူး။ Out of control ဖြစ်နေမှာပါဘဲ။

ဘုရားကြီးပြင်ဆင်ရေးပီးရင် ရုံးခန်းရော မြေနေရာရော ပြန်ပေးမယ်ဆိုရင်တောင် အချိန်ဆွဲပီး လုပ်ကြပါလိမ့်မယ်။ အဆိုးဆုံးအခြေနေက ဒါမြန်မာအစိုးရက ပေါက်ဖော်ကိုပေးထားတဲ့ မြေနေရာရယ်လို့ အတည်ယူသွားမယ့် အခြေနေပါ။ ပုဂံက အကူညီလိုတယ်ဆိုပီးသာ အကူညီတောင်းကြည့်ပါ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်အဖွဲ့စည်းတွေ မြေနေရာမတောင်းဘဲ လာကြပါလိမ့်မယ်။ အတိုခြုံးပြောရရင်တော့ ဘုရားပြင်ပေးမယ်ဆိုတာကိုလက်ခံတယ်၊ ကျေးဇူးတင်တယ်။ မြေနေရာပေးမှပြင်ပေးမယ်ဆိုရင်တော့ လက်မခံသင့်ပါဘူး။ (Zay Myo Lin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page