အငွေ့ပျံသွားတဲ့ မြန်မာပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လေထဲက ကျပ်ငွေများအကြောင်း
၂၀၂၀ နိုင်ငံရေး တည်ငြိမ်ပြီ။ စီးပွားရေး လုပ်တော့မယ် ဆိုပြီး နံနံခြားက အူးလေးဆီကနေ အကူအညီတောင်းလိုက်တယ်။ သူ့ဆီမှာ ဒေါ်လာပဲ ရှိသတဲ့။ အတိုးမပေးနဲ့ သူ လိုတဲ့အချိန်ပဲ ဒေါ်လာပဲ ပြန်ပေးတဲ့။
အတိုးမပေးရမှတော့ ချေးပြီလေ။ ဒေါ်လာတစ်သိန်း မြန်မာငွေနဲ့ ချိန်းပြီး ဘဏ်အပ်လိုက်တယ်။ သိန်း ၁၃၀၀ ရတယ်။ ဗြုန်းကနဲ တိုင်းပြည်အခြေအနေက ပစောက်ကနေ ဂငယ်ဖြစ်သွားတယ်။ အလုပ်လုပ်မယ်ဆိုတော့ ဘဏ်ကနေ ထုတ်မရတော့ဘူး။
၁၀% လျှော့နဲ့ထုတ်လို့ရသတဲ့။ ထုတ်ကွာ သိန်း ၁၁၇၀ ပဲ ကျန်တော့တယ်။ ကိုဗစ်တွေ ထပ်ထပ်ဆိုး။ စ မလို စမလိုနဲ့ လုပ်ငန်းက မစဖြစ်။ ယခုအနေအထားထိ ဖြစ်သွား ဟော အခု ငွေခဏငှားပေးတဲ့ အူးလေးက ငါ့ငွေတွေလဲ နှစ်နှစ်ကျော်ပြီ။ ငါ အသုံးလိုနေလို့ ဒေါ်လာ ပြန်လွှဲပေးဦးတဲ့။
ကတိပေးထားတော့လဲ တည်ရမှာပေါ့။ ဟုတ် ဘဏ်က သိန်း ၁၁၇၀ ကို ဒေါ်လာပြန်လဲရတယ်။ ၂၈၅၀ စျေးနဲ့ ဒေါ်လာ ၄၁၀၀၀ ပဲ ပြန်ရတော့တယ်။ ဒေါ်လာ ၅၉၀၀၀ က ဘာမှမလုပ်ပဲ အငွေ့ပျံသွားရော။
အဲ့အချိန် ဗြုန်းကနဲ အိပ်ယာက လန့်နိုးပါလေရော တော်သေး အပြင်မှာ အတိုးမယူပဲ ဒေါ်လာ တစ်သိန်း နှစ်နှစ်လောက်အခမဲ့ ချေးပေးတဲ့ နံနံခြားက အူးလေးဆိုတာကြီး မရှိလို့ တော်သေးဆိုပြီး သက်ပြင်းချမိတယ် သြော် မြန်မာ့စီးပွားရေး မြန်မာ့စီးပွားရေး (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)