နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာနဲ့ အနီးဆုံးရောက်လာတဲ့ ဂျူပီတာဂြိုဟ် (ခ) ကြာသပတေး ကြယ်ကြီး

အ​ရှေ့အရပ်မှ လင်းလက်​နေ​သော အရာ (သို့မဟုတ်) ကမ္ဘာနှင့် နီးကပ်​သော ပတ်လမ်းကို ​ရောက်ရှိ​နေ​သော ဂျူပီတာ၊ ယခုရက်ပိုင်း နေဝင်ပြီးချိန် (ည ၇:၃၀ ခန့်) လောက်မှာ အရှေ့အရပ် မိုးကုတ်စက်ဝိုင်းအနီး တောက်ပလင်းလက်နေသော ဂြိုဟ်တခုကို သင်မြင်တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ ကျွန်တော်တို့ နေအဖွဲ့အစည်းထဲမှာ အရွယ်အစား အကြီးဆုံး ဂြိုဟ်ဖြစ်တဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ပဲ ဖြစ်ပါတယ်။

ဂျူပီတာဟာ ကမ္ဘာမှ ပျမ်းမျှအားဖြင့် မိုင်​ပေါင်း ၃၆၇.၅၉ သန်း (၅၉၁.၅၈ သန်း ကီလိုမီတာ) ကွာ​ဝေးပါတယ်။ ယခုအချိန်မှာ​တော့ မိုင်​ပေါင်း ၃၆၇.၄၁ သန်း (၅၉၁.၁၆ သန်း ကီလိုမီတာ) အကွာအ​ဝေးကို ​ရောက်ရှိလာတာဖြစ်လို့ ပုံမှန်ထက် မိုင်​ပေါင်း ၂ သိန်းနီးပါး ပိုမိုနီးကပ်လာတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၆၃ ခုနှစ် ​နောက်ပိုင်း အနီးကပ်ဆုံး ​ရောက်ရှိလာတဲ့ အကွာအ​ဝေးလို့ ဆိုနိုင်ပါတယ်။

ထို့အပြင် ဂျူပီတာဟာ ၂၀၂၂ စက်တင်ဘာ ၂၇ ရက်​နေ့မှာ ​နေ- ကမ္ဘာတို့နှင့် တတန်းတည်း ကျ​ရောက်မှာဖြစ်လို့ ​နေ​ရောင်ခြည် တည့်မတ်စွာ ကျ​ရောက်ခြင်းနှင့်အတူ အင်မတန် လင်းလက်လာဦးမှာ ဖြစ်ပါတယ်။ ဂျူပီတာဟာ ကမ္ဘာထက် အရွယ်အစား ၁၃၀၀ ​​ကျော် ကြီးမားပါတယ်။

တနည်းအားဖြင့် ဂျူပီတာဂြိုဟ်ထဲသို့ ကမ္ဘာအလုံး​ပေါင်း ၁၃၀၀ ကျော် ထည့်ထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ နေအဖွဲ့အစည်းမှာ အရွယ်အစားအကြီးမားဆုံးဖြစ်​သော​ကြောင့် ​ရောမ နတ်ဘုရားထဲမှ အားအကြီးဆုံး ဇုစ်နတ်ဘုရား (ဂျူပီတာ) ရဲ့ အမည်ကို ​ပေးထားခြင်း ဖြစ်ပါတယ်။

ဂျူပီတာဂြိုဟ်ကို ရှာ​ဖွေ​တွေ့ရှိလိုပါက ည ၇ နာရီခန့် မှ နံနက် ၅း၃၀ အထိ အ​ရှေ့(​တောင်) အရပ်မှ အ​နောက် (​တောင်) အရပ်သို့ ​​တောက်ပစွာ ရွေ့လျားသွားခြင်းကို သာမန်မျက်စိဖြင့် ​ကောင်းစွာ မြင်​တွေ့ရနိုင်မှာ ဖြစ်ပါတယ်။ ချဲ့ဆအနည်းငယ်နှင့် ကြည့်ရုံမျှဖြင့် ဂြိုဟ်အနီးမှ ဂြိုဟ်ရံလများပင် ရှာ​တွေ့နိုင်ပါတယ်။ အနာဂတ်ပညာ​ရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page