လာတော့မယ့် ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ မြန်မာပြည် ကြုံတွေ့ရမယ့် အလားအလာ
(ရေးသားသူ – Kyaw Swa Min) တကမ္ဘာလုံးက recession (စီးပွားပျက်ကပ်) ကိုမြင်နေကြပြီ။ တိုင်ပတ်တဲ့နိုင်ငံတွေလည်း စ တိုင်ပတ်နေပြီ။ Volatile market (လှုပ်ရှားနေတဲ့ ဈေးကွက်) က up and down ကဆုန်ပေါက်ပြနေပြီ။ ၂၀၂၂ နောက်ဆုံး သုံးလပတ် မှာ လာနိုင်တယ်။ ပြင်ထားပေတော့ တဲ့။
Recession (စီးပွားပျက်ကပ်) မှာ အထိအခိုက်နည်းမယ် ထင်တဲ့နိုင်ငံတွေက bonds (ငွေတိုက်စာချုပ်) တွေ အဝယ်လိုက်နေတယ်တဲ့။ ထိုင်း၊ အင်ဒိုနီးရှား bonds (ငွေတိုက်စာချုပ်) တွေရောင်းကောင်းဆိုပဲ။
တချို့နိုင်ငံတွေက ကြိုပြင်နိုင်တော့ လှိုင်းနဲ့ အိကျသွားပေမယ့် လှိုင်းပုတ်လို့ မြုပ်မသွားဘူး။ အမေရိကန်ဟာ အိကျယုံနဲ့ပြီးဖို့ ပြင်နေတယ်။ ငွေဖေါင်းပွနေပေမယ့် လူတိုင်းအလုပ်ပေးထားနိုင်တော့ အတော်ခုသာခံသာရှိနေတယ်။ စစ်ကိုလောလောကြီးခံနေရတဲ့ ဥရောပဇုန်ကတော့ အတော်ဖရိုဖရဲ ဖြစ်နိုင်တယ်။ လွယ်မယ်မထင်။ အဆိုးဆုံးထဲ အင်္ဂလန်ပါဖို့များတယ်။ ဂျပန်၊ ဩစတေးလျှ၊ ကနေဒါ၊ တောင်ကိုးရီးယားပါ ဆင်းမယ်တဲ့။
တရုတ်က သက်သာမယ်။ recession လာမယ်သိလို့များ ခံသာအောင် ကိုဗစ်အကြောင်းပြပြီး ဟိုမြို့ပိတ် ဒီမြို့ပိတ်လုပ်နေလားမသိဘူး။ တကယ် recession လာရင်တောင် အခု ကိုဗစ်အခြေအနေလောက် စီးပွါးမထိခိုက်တော့ မဆိုးဘူး လို့ လူတွေထင်ကြမယ်။
မြန်မာဟာ မတည်ငြိမ်မှုကြောင်း လက်ရှိမှာကို အဆိုးဆုံးစီးပွါးရေး ကပ်ကို ဖြတ်နေတယ်။ ထိုင်း၊ အိန္ဒိယ နဲ့ တရုတ် ဟာ recession ကို ဆိုးဆိုးရွားရွားမခံရနိုင်တော့ မြန်မာ့စီးပွါးရေးကတော့ recession ကြောင့် ထူးမမွဲနိုင်ပါဘူး။ နိုင်ငံခြားငွေ reserve တည်ငြိမ်ရင်ပေါ့။